ရင်ခေါင်းတောင့်ခြင်း မအီမသာဖြစ်ခြင်း ဟုဆိုရာတွင် ခံစားရသောဝေဒနာသည် ဖော်ပြရခက်ခဲပါသည်။ ဗိုက်နာခြင်းဟုလည်း အတိအကျမပြောနိုင်ဘဲ အစာအိမ်ရှိရာ ဝမ်းဗိုက်အထက်ပိုင်း တွင် တင်းတင်းမာမာကြီး ဖြစ်နေသကဲ့သို့ ခံစားရခြင်း၊ အီလည်လည် နှင့် အစားစားချင်စိတ်မရှိခြင်း၊ ပျို့ချင် အန်ချင်သလိုဖြစ်လာခြင်း၊ ဗိုက်ထဲတွင် လေများပြည့်နေသလိုဖြစ်ခြင်း ၊ ရင်ပူခြင်းစသည်တို့ဖြစ်နိုင်ပါသည်။ ရင်ခေါင်းတောင့်ခြင်းသည် များသောအားခြင့် အစာအိမ်နှင့် အူသိမ် တို့၏ပြသနာများကြောင့်အဖြစ်များပြီး အသည်း၊ ကျောက်ကပ် ပြသနာများကြောင့်လည်းဖြစ်နိုင်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ရင်ခေါင်းတောင့်ခြင်း၏ကြောက်စရာအကောင်းဆုံးအန္တရာယ်မှာ ရင်ခေါင်းတောင့်ခြင်းကိုဖြစ်စေသော အကြောင်းများစွာရှိသည့် အနက် အစာအိမ်ကင်ဆာရောဂါကို အသိနောက်ကျတတ်ခြင်းဖြစ်ပါသည်။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း ကို ဖြစ်စေသော အကြောင်းရင်းများမှာ ၁။ အစာအိမ်တွင် အနာဖြစ်နေခြင်း ၂။အစာအိမ်ကင်ဆာ ၃။ အစာအိမ်မှ အစာများအပေါ်သို့ပြန်တက်သည့်ရောဂါ ၄။ အနာမရှိဘဲ ရင်ခေါင်းတောင့်နေခြင်း ၅။ အသည်းရောင်ခြင်း သို့ မဟုတ်သည်းခြေပြွန်များရောင်ခြင်း ၆။ သည်းခြေ ကျောက်ရှိခြင်း ၇။ အကိုက်အခဲပျောက်ဆေးများစွဲသောက်နေခြင်း အစာအိမ်နှင့် အူလမ်းကြောင်းတည်ဆောက်ပုံ အစာအိမ်သည် အက်ဆစ်များ၊ အစာခြေအင်ဇိုင်းများနှင့် သည်းခြေရည်များ၊ H.pylori ဟုခေါ်သော အစာအိမ်တွင်း အက်ဆစ်ကိုရှင်သန်နိုင်သော ပိုးကောင်များ၊ အက်ဆစ် နှင့် အစာခြေရည်များကိုတုန့်ပြန်ဓာတ်ပြယ်ပေးသော အယ်ကာလီသတ္တိရှိသည့် ကာဗွန်နိတ် များနှင့် အကျိအချွဲ များစသည့် ဂုဏ်သတ္တိ အမျိုးမျိုးရှိသောအရည် များ စုပုံ နေသောနေရာပင်ဖြစ်သည်။ ထို အရာများ၏ မညီမျှခြင်းများတစ်ခုခု ရှိနေလျှင်ပင် အစာအိမ်၏ နုနယ်သောနံရံသည် အက်ဆစ် ဒဏ် အစာခြေရည် များ၏ဒဏ်ကို မခံနိုင်ဘဲ ရောင်ရမ်းခြင်း၊ အက်ဆစ်စားသွားခြင်းကြောင့် အနာများဖြစ်လာခြင်း၊ နံရံရှိ ဆဲလ်များပြောင်းလဲခြင်းတို့ဖြစ်ပေါ်ပြီး ကင်ဆာဆဲလ်များအဖြစ်ပြောင်းလဲသွားခြင်း တို့ဖြစ်နိုင်ပြီး ရောဂါလက္ခဏာအဖြစ် ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း တို့ကိုခံစားရနိုင်ပါသည်။
၁။အစာအိမ် အနာဖြစ်နေခြင်း အစာအိမ်နှင့် အူသိမ်တို့တွင် အနာဖြစ်နေခြင်းသည် အပူအစပ်စားသောသူများ၊ အစားမမှန်သောသူများ၊ အကိုက်အခဲပျေက်ဆေးသောက်နေသောသူများ၊ Stress များနေသော သူများတွင် အဖြစ်များပြီး ရင်ခေါင်းတောင့်ခြင်း ဗိုက်အောင့်ခြင်းတို့သည် အစားစားချိန်နှင့် ပြောင်းလဲတတ်ပါသည်။ Acid များခြင်းကြောင့် အနာများ ဖြစ်ခြင်း ဖြစ်သည့် အားလျော်စွာ Acid ကျစေသော ဆေးများသောက်သုံးခြင်း H.Pylori ဟုခေါ်သော အစာအိမ်အနာကို ဖြစ်စေသော ဘက်တီးရီးယားအတွက် ပိုးသတ်ဆေးသောက်ခြင်း၊ အစာပျော့ပျော့စား၍ အစာအိမ် အား အနားပေးခြင်းဖြင့် သေချာကုသရမည်ဖြစ်ပါသည်။ မကုသပဲ ထားပါက အနာမှ တဆင့် အနာကျက်သွားသော အခါ အစာအိမ်ထွက်ပေါက်တွင် အမာရွတ်ဖြစ်သွားပြီး အစာအိမ်ထွက်ပေါက်ပိတ်ခြင်း အစာအိမ်အနာကြာရှည် လာပါက Cells များပြောင်းလဲခြင်းဖြစ်ပေါ်ပြီး အစာအိမ်ကင်ဆာ အဖြစ်ပြောင်းလဲသွားခြင်း၊ အစာအိမ်နာမှ သွေးများ ယိုထွက်ခြင်း၊ ဝမ်းမည်းမည်း များသွားခြင်း၊ သွေးအန်ခြင်းတို့ အထိ ဖြစ်နိုင်ပါသည်။ ၂။အစာအိမ်ကင်ဆာဖြစ်ခြင်း ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း ကို နှစ်ရှည်လများခံစားနေရသူ များရှိသကဲ့သို့ မကြာခဏ အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲခံစားနေရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။ အရေးမကြီး ဟုယူဆပြီး နေခြင်းထက် ရောဂါ အရင်းအမြစ်ကိုသေသေချာချာသိရှိပြီးကုသမှုခံယူရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။ ပေါ့ပေါ့ဆဆ မကုဘဲထားပြီး မှ အစာအိမ်သွေးကြောများပေါက်၍သွေးအန်ခြင်း၊ သွေးအားနည်းခြင်းတို့ဖြစ်ပြီး မှ ဆေးရုံပြေးရသောလူနာများရှိသကဲ့သို့ အစာအိမ်ကင်ဆာ သည် အခြားနေရာများသို့ပြန့် နှံ့ နေပြီး မှ ကုသ၍မရတော့သောလူနာများ၊ အစာအိမ် သို့ မဟုတ် အူသိမ်အနာမှ ပေါက်ထွက်သွားပြီး ဝမ်းဗိုက်တစ်ခုလုံး တွင်း အစာများအပြင်ထွက်ပြီး အသက်ဆုံးရံှုုးရသူများလည်းရှိပါသည်။ အရေးကြီးသည်မှာ မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန် ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း မဟုတ်ပဲ ဆိုးဆိုးရွားရွားအကြောင်းများကြောင့် ဖြစ်နိုင်ကြောင်းဖော်ပြသောလက္ခဏာ များကို သိရှိထားလျှင် ကြိုတင်သေချာကုသမှုခံယူထားနိုင်မည်ဖြစ်ပါသည်။ အရေးကြီးသောလက္ခဏာ များမှာ ၁။ အသက် ၅၅ နှစ်ကျော် ၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း ၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း) ၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း ၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း ၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း ၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း ၈။ သွေးအန်ခြင်း အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုသမားတော် နှင့် အမြန်ပြ၍ လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းဖြင့် ရောဂါကို အတိအကျရှာဖွေသိရှိနိုင်ပါသည်။ အစာအိမ်ကင်ဆာရောဂါကိုသိရှိပြီးနောက် အဆင့်ပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း တို့ပြုလုပ်နိုင်ပါသည်။စောစောသိလျှင်ကင်ဆာဆဲလ်များပါသည့်အစိတ်အပိုင်းကို အမြစ်ပြတ်အောင်ထုတ်ပစ်နိုင်သောကြောင့် အစာမကြေခြင်းဖြစ်သည်နှင့်သတိချပ်အပ်ပြီး ချက်ချင်းအစာအိမ်နှင့်အူလမ်းကြောင်းအထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
၃။ အစာအိမ်မှ အစာများအပေါ်သို့ပြန်တက်သည့်ရောဂါ ပါးစပ်မှစားလိုက်သောအစာများသည် အစာရေမျိုပိုက်မှတစ်ဆင့် အစာအိမ်တွင်းသို့ရောက်ရှိပြီး အစာအိမ်တွင်းမှအစာများအပေါ်အစာရေမျိုတွင်းသို့ပြန်မတက်ရန် သားရေကွင်းကဲ့သို့ကျုံ့နိုင်ဆန့်နိုင်သောကြွက်သားအဆို့ ကတားဆီးပေးထားပါသည်။ထိုအဆို့ မှာ အားနည်းပြီးမလုံခြင်းကြောင့် အစာအိမ်တွင်းမှအက်စစ်များကိုအပေါ်သို့မတက်အောင်တားဆီးပေးနိုင်စွမ်းမရှိတော့ဘဲ အက်ဆစ်များ၊ အစာအိမ်တွင်းမှအစာများ၊လေများ၊ သည်းခြေရည်များသည် အပေါ်သို့လျှံတက်လာပြီး အစာရေမျိုတစ်လျှောက်ကို လောင်ကျွမ်းခြင်းဖြစ်စေပြီး ရင်ပူခြင်းကိုခံစားရပါသည်။ ပုံမှန်အားဖြင့် အစာအိမ်နံရံသည် အက်စစ်ဒဏ်ကိုခံနိုင်အောင်ပြုလုပ်ထားပြီး အက်စစ်ကိုတုန့်ပြန်ချေဖျက်ပေးနိုင်သော အယ်ကာလီ Alkali အမျိုးအစားဖြစ်သည့် bicarbonate များနှင့် မျှခြေအနေအထားတွင် အတူတွဲလျက်ရှိကြသည်။ အစာရေမျိုသည်ပါးစပ်မှစားလိုက်သည့်အစာများကို အစာအိမ်တွင်းသို့ရင်ခေါင်းတစ်လျှောက်ဖြတ်ဆင်းနိုင်ရန်ပို့ဆောင်ပေးသောတာဝန်သာရှိသဖြင့် အစာခြေရည်များဖြစ်သောအက်စစ်၊ သည်းခြေရည်တို့ထုတ်လုပ်ခြင်းလည်းမရှိသဖြင့် ထိုအက်စစ် နှင့်သည်းခြေရည်တို့ိကို ခုခံနိုင်သောကြွက်သားအမျိုးအစာလည်းမပါရှိပါ။ ထိုသို့ အက်စစ်များအပေါ်အစာရေမျိုတစ်လျှောက်လျှံတက်ခြင်းသည်အစာရေမျိုအားအက်စစ်လောင်ခြင်းကိုဖြစ်စေပြီး ထိုသို့လောင်ကျွမ်းခြင်းသည် မီးစနှင့်ထိုးသကဲ့သို့ရင်ဘတ်တွင်းပူလောင်ခြင်းကိုဖြစ်စေပါသည်။ လဲလျောင်းလိုက်လျှင်ပိုဆိုးခြင်း၊ လေချဉ်များခဏခဏတက်ခြင်း၊ ရင်ပူခြင်း၊ရင်ဘတ်အောင့်ခြင်း၊တို့သည် ရောဂါလက္ခဏာများဖြစ်ပါသည်။ ထိုအဆို့မလုံသောအခါတွင်လည်း အစာအိမ်တွင်းမှအစာနှင့်ဆက်ဆစ်များအပေါ်သို့ တက်ပြီး အစာရေမျိုကိုလောင်ခြင်းဖြစ်ပေါ်ခြင်းကြောင့်လည်းရင်ခေါင်းတောင့်ခြင်း၊ ရင်ပူခြင်း၊ အစာမကြေခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်ပေါ်စေပါသည်။ ၄။အနာမရှိပဲ ရင်ခေါင်းတောင့်ခြင်း တစ်ခါတစ်ရံတွင် အစာအိမ် အနာဖြစ်သည့် ရောဂါကဲ့သို့ လက္ခဏာများပြသော်လည်း အစာအိမ် မှန်ပြောင်းကြည့်သည့်အခါတွင် အစာအိမ် အနာလည်း မတွေ့ အခြားသော ရောဂါများလည်း မတွေ့ပဲ အစာမကြေခြင်း၊ ရင်ခေါင်းတောင့်ခြင်းအား ခံစားနေရခြင်းများ ရှိတတ်ပါသည်။ အစာအိမ်နာ မရှိပဲ ရင်ခေါင်းတောင့်ခြင်းအား ဖြစ်စေတတ်သော ရောဂါများမှာ အစာအိမ်မှ အစာများ အပေါ်သို့ ပြန်တက်သည့် ရောဂါ (GERD) နှင့် အစာအိမ်လှုပ်ရှားမှု နည်းခြင်း (Gastroparesis) တို့ကြောင့်ဖြစ်တတ်ပါသည်။ ၅။အသည်းရောင်ခြင်း သို့မဟုတ် သည်းခြေပြွန်များရောင်ခြင်း၊ သည်းခြေကျောက်ရှိခြင်း အသည်းနှင့် သည်းခြေကျောက်၊ သည်းခြေပြွန်ရောဂါများ ကြောင့်လည်း အစာမကြေခြင်း၊ ရင်ခေါင်းတောင့်ခြင်းအား ခံစားရတတ်ပါသည်။ အသည်းမှ သည်းခြေရေကို သည်းခြေပြွန်မှ တစ်ဆင့် အူသိမ်အတွင်းသို့ အစာခြေလုပ်ငန်းလုပ်ဆောင်ရန် ထုတ်လုပ်၍ ပို့ဆောင်ပေးရပါသည်။ ထို အသည်းနှင့် သည်းခြေပြွန်များ ရောင်ရမ်းသော အခါသည်းခြေရည်များ ကောင်းစွာ မထုတ်နိုင်ပဲ အစာခြေခြင်းအား မလုပ်နိုင်သောကြောင့် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ တစ်ခါတစ်ရံ သည်းခြေဓာတ်များ များပြားလာပြီး အသားဝါခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် တတ်ကျွမ်းသော အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုသမားတော် နှင့် ပြသပြီး ကုသမှု ခံယူရန် လိုအပ်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်နှင့် အူလမ်းကြောင်း သာမက သည်းခြေလမ်းကြောင်း များ နှင့် ပက်သက်သော လက္ခဏာများ၊ ရောဂါများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း ဌာနမှ အထူးကုသမားတေ်ာများနှင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်ပြီဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်များမှာ မှတ်ချက်။ ။ ဆရာကြီး ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် မန္တလေးသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်နေရသော်လည်း ယခု တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် ရန်ကုန်သို့ ပြန်လာသည့် အချိန်တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ပါသဖြင့် ဆရာကြီး နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် ကြိုတင် Booking ယူနိုင်ပါတယ်။ ၉.၁၁.၂၀၁၉ နှင့် ၁၀.၁၁.၂၀၁၉ နှစ်ရက်တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ပုံမှန်အတိုင်း အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတေတာ် နှင့် ပြသလိုပါက လည်း ကြိုတင် Booking ယူ၍ ပြသနိုင်ပါတယ်။ ၁။တွဲဖက်ပါမောက္ခ ဒေါက်တာ ဆွေမွန်မြ M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) Senior Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄း၃၀ နာရီ။ စနေနေ့ ညနေ ၄း၃၀ နာရီ။ ၂။ဒေါက်တာ စန္ဒာဝင်း M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ သောကြာ ညနေ ၅ နာရီ။ တနင်္ဂနွေနေ့ ညနေ ၆ နာရီ။ ၃။ဒေါက်တာ မြသက်နွယ် M.B.,B.S., M.Med.Sc (Internal Medicine) Dr.Med.Sc (Gastroenterology) Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။ ၄။ဒေါက်တာ သီတာစိုး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။ ၅။ဒေါက်တာလင်းထက်ဦး M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။ ၆။ဒေါက်တာသန်းသန်းအေး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။ On Call
၇။ဒေါက်တာစုစုလှိုင် M.B.,B.S., M.Med.Sc (Internal Medicine),MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး နေ့စဉ် On Call ၈။ဒေါက်တာ ဥမ္မာညွန့်တင် M.B.,B.S., M.Med.Sc (Internal Medicine) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။ ၉။ဒေါက်တာ နန်းခင်ဖုန်းတင့် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး On Call အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။
မှန်ပြောင်းကြည့်ချိန်မှာ ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 130,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 240,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး စုစုပေါင်း ၁ သိန်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။
အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။
တန်ဆောင်တိုင် အထူး Promotion (November လကုန်အထိ) Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ တန်ဆောင်တိုင်အထူး Promotion အနေဖြင့် Promotion ကာလကို November လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။
Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ တန်ဆောင်တိုင် အထူး Promotion (November လကုန်အထိ) Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ တန်ဆောင်တိုင်အထူး Promotion အနေဖြင့် Promotion ကာလကို November လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။
