လူတစ်ဦးနှင့်တစ်ဦးဝမ်းသွားသည့်အလေ့အထမှာမတူညီကြပေ။ ဝမ်းချုပ်ခြင်းသည် မိမိပုံမှန်ဝမ်းသွားနေသည့်အကြိမ်ထက်လျော့နည်းသွားခြင်း၊ သို့မဟုတ် သွားသည့်ဝမ်းများသည် မာသောစမျင်းတုန်းများဖြစ်ပြီး ဝမ်းသွားရာတွင်ညှစ်ရခက်သဖြင့်စအိုဝမှနာကျင်ခြင်းတို့ဖြစ်ခြင်းကိုခေါ်ပါသည်။ အချို့သောလူများအတွက် တစ်ပတ် လုံးတွင် နှစ်ကြိမ်သုံးကြိမ်သာဝမ်းသွားခြင်းသည်ပုံမှန်ဖြစ်နေတတ်ပြီး ဝမ်းချုပ်ခြင်းဟုမဆိုနိုင်ပေ။ ဝမ်းချုပ်ခြင်းသည်ပုံမှန်ဝမ်းသွားသည့်အလေ့အထ မှပြောင်းလဲသွား ခြင်းကို ဆိုပါသည်။ ဝမ်းချုပ်ခြင်းသည် တစ်ရက်နှစ်ရက်လောက်သာဖြစ်ပြီး ဝမ်းနုတ်ဆေးများစားလိုက်ပြီးပြန်သွားခြင်းသည် များသောအားဖြင့်မိမိစားသုံးသောအစားသောက်များတွင် အမျှင်ဓာတ်ပါသောအရွက်အသီးများနည်း နေခြင်း၊ အသားအစားများခြင်နှင့် ရေများများမသောက်ခြင်းတို့ကြောင့် အဖြစ်များပါသည်။ ဝမ်းချုပ်ခြင်းသည် အကြောင်းများစွာဖြစ်နိုင်ပြီး ဝမ်းနုတ်ဆေးများသည်လည်း ခဏသာ သက်သာရုံသာအသုံးပြုနိုင်ပါသည်။ ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများ သာမန်အစားအသောက်အနေအထိုင်ကြောင့်ဝမ်းချုပ်ခြင်းနှင့် ရောဂါများကြောင့်ဝမ်းချုပ်ခြင်းဟူ၍နှစ်မျိုးရှိပါသည်။အစားသောက်အနေအထိုင်များကြောင့်ဝမ်းချုပ်ခြငးသည်အထက်တွင်ဖော်ပြထားသကဲ့သို့ ခဏတာဖြစ်တတ်ပြီး စိုးရိမ်ဖွယ်သိပ်မရှိပေ။ရောဂါများကြောင့်ဝမ်းချုပ်ခြင်းအကြောင်းကိုအသေးစိတ်ဖော်ပြပါမည်။ ရောဂါများကြောင့်ဝမ်းချုပ်ခြင်း ဝမ်းချုပ်ခြင်းဖြစ်တတ်သည့်ရောဂါများမှာ ၁။ အူမကြီးတွင်းအသားပိုလုံးများသို့မဟုတ်ကင်ဆာကြိတ်များနှင့်ပိတ်ဆို့နေခြင်း ၂။ အူလမ်းကြောင်းလှုပ်ရှားမှုနည်းသောသို့မဟုတ်မမှန်သောရောဂါများ ၃။ အသက်ကြီး၍ အူလှုပ်ရှားမှုနှေးသွားခြင်း ၄။ သိုင်းရိုက်ဟော်မုန်းနည်းသည့်ရောဂါ၊ (သိုင်းရိုက်ဟော်မုန်းများနေသည့်အတွက်ဆေးများသောက်သုံးနေရခြင်း၊သိုင်းရိုက်ခွဲထုတ်ထားရခြင်း) ၁။ အူမကြီးကင်ဆာသို့မဟုတ် အူလမ်းကြောင်းရှိအသားပိုလုံးများနှင့်ပိတ်ဆို့ခြင်း အူမကြီးကင်ဆာသည်အလုံးအကြိတ်သဏ္ဌာန်နှင့်လာတတ်သောအမျိုးအစားတွင် ကင်ဆာအလုံးကြီးသည်အူမကြီးလမ်းကြောင်းတစ်နေရာရာတွင်ပိတ်ဆို့ခြင်းကိုဖြစ်ပေါ်ပါသည်။ အသက်ကြီးသောလူများတွင်းအူမကြီးကင်ဆာဖြစ်နိုင်ချေပိုများသော်လည်းအချို့မျိုးရိုးလိုက်တတ်သည့်အူမကြီးကင်ဆာများတွင်မူငယ်ငယ်ရွယ်ရွယ်နှင့် အူလမ်းကြောင်းတစ်လျှောက် အသားပိုလုံးများဖြစ်ပေါ်ခြင်းအဆင့်တွင်စောစီးစွာသိရှိနိုင်သကဲ့သို့ အချို့ တွင် အူမကြီးကင်ဆာလုံးများဖြစ်ပေါ်ပြီးမှသိရှိသည်များလည်းရှိပါသည်။ အူမကြီးကင်ဆာ၏ရောဂါလက္ခဏာများ ၁။ ဝမ်းသွားနေသည့်အလေ့အထပြောင်းလဲသွားခြင်း ၂။ ရက်သတ္တပတ်ပေါင်းများစွာ ဝမ်းသွားလျှင် ပျော့ခြင်း၊ မာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ခြင်း၊ ၃။ ဝမ်းထဲသွေးများရောပါလာခြင်း၊သွေးစသွေးနပါလာခြင်း ၅။ ဗိုက်ရစ်ဗိုက်အောင့်ဗိုက်နာလေထိုး လေနာသလိုမျိုး ခံစားရတတ်ခြင်း ၆။ ဝမ်းသွားပြီးတိုင်းအကုန်မသွားနိုင်ဘဲဝမ်းကျန်နေသလိုခံစားနေရခြင်း ၇။ တကိုယ်လုံးအားမရှိဘဲပင်ပန်းနွမ်းနယ်ခြင်း ၈။ အကြောင်းမရှိဘဲခန္ဓာကိုယ်အလေးချိန်လျော့ကျလာခြင်း၊ ပိန်ချုံးလာခြင်း၊ ၉။ အစားအသောက်ပျက်ခြင်း စသည့်လက္ခဏာများသည်အူမကြီးကင်ဆာတွင်ဖြစ်နိုင်သောလက္ခဏာများဖြစ်ပါသည်။ ရောဂါအစပိုင်းတွင် အထက်ပါလက္ခဏာများမပေါ်ပေါက်ဘဲသိသာထင်ရှားမှုမရှိတတ်ပေ။ လက္ခဏာပေါ်ပေါက်ခြင်းအဆင့်သည် ကင်ဆာ၏အဆင့်တစ်ခုသို့ရောက်ရှိနေပြီးမှသိရှိတတ်ပါသည်။ အလုံးအကြိတ်ကြောင့်အူပိတ်ခြင်းအစပိုင်းသည် တဖြည်းဖြည်းဝမ်းချုပ်ခြင်း ဖြစ်လာတတ်ပြီး အခြားသောမည်သည့်လက္ခဏာများမရှိသဖြင့် အမှုမဲ့အမှတ်မဲ့နေမိတတ်ကြသည်။ ထိုသို့ ချုပ်ရာမှ ဝမ်းနုတ်ဆေးများသောက်လျှင် ဝမ်းမှာအရည်များဖြစ်သွားပြီး လုံးလုံးမပိတ်သေးသောအဆင့်တွင် ဝမ်းအရည်များသည် ကျန်ရှိနေသောလမ်းကြောင်းမှတစ်ဆင့်သွားကြသဖြင့် ဝမ်းလျှောခြင်းဖြစ်ပြန်ပါသည်။ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းသည် တစ်လှည့်စီဖြစ်နေတတ်ပြီး ကင်ဆာကြိတ် မှသွေးယိုထွက်မှုဖြစ်လျှင် ဝမ်းထဲသွေးပါခြင်းဖြစ်တတ်ပြီးလူတိုင်းတွင်လည်းသတိမထားမိတတ်ပေ။ အစာဟောင်းများကောင်းစွာမစွန့်ပစ်နိုင်ခြင်းကြောင့် အူများသည်ညှစ်သည့်အခါတွင် လမ်းကြောင်းပိတ်နေသဖြင့် အူလှိုင်းတွန့်ခြင်းများဖြစ်ပေါ်တတ်ပြီး အူညှစ်သည့်အခါတွင် ၅ မိနစ် ၁၀ မိနစ်တစ်ခါနာကျင်ခြင်းကို ပြင်းထန်စွာခံစားရပါသည်။ အူလုံးဝပိတ်သွားသည့်အချိန်သည်အရေးပေါ်အခြေအနေဖြစ်ပြီး လေလည်ခြင်းပင်မပြုလုပ်နိုင်တော့သောအဆင့်ဖြစ်လျှင်အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရပါသည်။ အူမကြီးကင်ဆာရောဂါအကြောင်းအသေးစိတ် နှင့် ရောဂါရှာဖွေနည်း၊ ကုသနည်းများကိုအောက်ပါ linkတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/FamilyDoctorSpecialistClinic/posts/2167957220138616?__tn__=K-R အူလမ်းကြောင်းတွင် အလုံးအကြိတ်ထွက်လာပြီး ပိတ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ပိတ်ပုံမတူသော်လည်းကင်ဆာ၏သဘောတရားအရ လျင်မြန်တတ်ပါသည်။ ၃ လ မှ ၇လ လောက်အတွင်းအလုံးသည်ကြီးလာတတ်ပြီး ဝမ်းချုပ်သည့်လက္ခဏာပြပြီး လပိုင်းအတွင်းမှာပင် အလုံးသည်အတော်အတန်ကြီးနေရုံသာမက အခြားသောနီးစပ်ရာ အင်္ဂါများနှင့် အသည်း၊ ကျောရိုး၊ ဦးနှောက်သို့ပျံ့နှံ့ခြင်းများပင်ရှိနေတတ်ပါသည်။ အလုံးအကြိတ်၏ အစပိုင်းတွင် ပုံမှန်ဝမ်းသွားသည့်အလေ့အထမှ အနည်းငယ်ပြောင်းလဲခြင်းကို စတင်ခံစားရပြီး နောက်ပိုင်းရောဂါ အတော်ပြန့်နှံ့ပြီး ခါ မှ ရောဂါလက္ခဏာများစုံစုံလင်လင်ပေါ်လာတတ်ပါသည်။ အူမကြီးတွင် ကင်ဆာလုံးကြိတ်များဖြစ်ပေါ်ပုံမှာ တစ်နေရာထဲတွင်တစ်လုံးထဲပေါ်ပြီးထိုအလုံးမှ လျင်မြန်စွာကြီးလာခြင်းမျိုးရှိသကဲ့သို့ တစ်နေရာတွင်တစ်လုံး မှ ထို အလုံးကပြန့်နှံ့ပြီး အူမကြီး နောက်တစ်နေရာတွင် နောက်တစ်လုံးဖြစ်စေခြင်းမျိုးလည်းရှိပါသည်။ အူမကြီးလမ်းကြောင်း၏နှစ်နေရာမကသောနေရာများတွင်ကင်ဆာကြိတ်များတစ်ပြိုင်နက်ထွက်လာခြင်းမျိုးလည်းရှိပါသည်။ ထိုကြောင့်အူမကြီးကင်ဆာ၏ ပထမဆုံသောလက္ခဏာဖြစ်သည့် ဝမ်းသွားသည့်အလေ့အထပြောင်းလဲသွားခြင်းကိုဖမ်းမိရန်မှာအလွန်အရေးကြီးပါသည်။
၂။ အူလမ်းကြောင်းလှုပ်ရှားမှုနည်းသောသို့မဟုတ်မမှန်သောရောဂါများ အူလမ်းကြောင်းတွင် အလုံးအကြိတ်၊ ကင်ဆာ၊ရောင်ရမ်းခြင်းစသည့်တိတိကျကျမည်သည့်ပြသနာမျှမရှိဘဲ လှုပ်ရှားမှုမမှန်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း ၊ ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ လေထိုးခြင်းစသည့်ပုံစံမျိုးစုံဖြစ်တတ်ပြီး ရောဂါတိတိကျကျရှာမတွေ့ဘဲကုသရခက်ခဲသောရောဂါတစ်မျိုး ဖြစ်ပါသည်။ ဝမ်းပျက်ရောဂါသည် ၆ လကျော်နာတာရှည်ကဲ့သို့ဖြစ်နေပြီး ဝမ်းပျက်သော်လည်းညဘက်အိပ်ပျော်နေစဉ် လုံးဝထသွားစရာမလိုခြင်း၊ ဝမ်းသွားလိုက်လျှင် ဗိုက်နာခြင်းပျောက်သွားခြင်း၊ အူလမ်းကြောင်းစစ်ဆေးမှုများပြုလုပ်သည့်တိုင်ရောဂါရှာ ဖွေမတွေ့ရှိခြင်းတို့သည် အူလမ်းကြောင်းလုှုပ်ရှားမှုမမှန်သော (irritable bowel syndrome) ၏လက္ခဏာများဖြစ်ပြီး အူလမ်းကြောင်းကိုသေချာစစ်ဆေး၍ အရေးကြီးသောရောဂါများလုံးဝရှာဖွေမတွေ့ရှိမှသာ irritable bowel syndrome ဟုယူဆပြီးကုသမှုခံယူရမည်ဖြစ်ပါသည်။ များသောအားဖြင့် လူလတ်ပိုင်း များတွင်အဖြစ်များပြီး စိတ်ဖိစီးမှုများခြင်းကြောင့် အူလမ်းကြောင်းတွင်လှုပ်ရှားမှုမမှန်ခြင်းဖြစ်ပေါ်ပြီး တတ်ပြီးဝမ်းချုပ်ခြင်းအဖြစ် လက္ခဏာပြခြင်းဖြစ်တတ်ပါသည်။ ၃။ အသက်ကြီး၍ အူလှုပ်ရှားမှုနှေးသွားခြင်း အသက်ကြီးသူများတွင်ဝမ်းချုပ်ခြင်းသည် အူလှုပ်ရှားမှုများနှေးခြင်းကြောင့်အဖြစ်များသော်လည်း အူမကြီး ကင်ဆာဖြစ်နှုန်းသည်လည်း အသက်ကြီးသည်နှင့်အမျှများလာသောကြောင့် လုံးဝပေါ့လျော့၍မရသော လက္ခဏာတစ်ခုဖြစ်ပါသည်။ ပုံမှန်အသက်ကြီးလာ၍ဝမ်းချုပ်ခြင်းဟု သတ်မှတ်ပြီး ဝမ်းနှုတ်ဆေးများသောက်နေခြင်းကြောင့် စောစောသိသင့်သော အူမကြီးကင်ဆာကိုအချိန်လွန်မှသိရခြင်းများအဖြစ်များသောကြောင့် အသက်အရွယ်ကြောင့်ဝမ်းချုပ်ခြင်းဟုမသတ်မှတ်မီအူမကြီးကင်ဆာ၏ လက္ခဏာများကိုရှာဖွေစစ်ဆေးထားပြီးမှ သာ စိတ်ချရပါသည်။ ၄။ သိုင်းရိုက်ဟော်မုန်းနည်းသည့်ရောဂါ သိုင်းရိုက်ဟော်မုန်းများနေသည့်အတွက်ဆေးများသောက်သုံးနေရခြင်း၊သိုင်းရိုက်ခွဲထုတ်ထားရခြင်း၊ သိုင်းရိုက်ဂလင်းနှင့်ပတ်သက်သည့်ရောဂါများ တွင်လည်းဝမ်းချုပ်ခြင်းကို သိုင်းရိုက်ဟော်မုန်းနည်းခြင်း၏လက္ခဏာအဖြစ်တွေ့ရတတ်ပါသည်။ အခြားသောသိုင်းရိုက်လက္ခဏာများဖြစ်သည့် ဝလာခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်း၊ နုံးနေခြင်း၊ အအေးဒဏ်မခံနိုင်ခြင်း၊ အသံအောသွားခြင်းတို့သည်လည်းဖြစ်တတ်ပြီး သိုင်းရိုက်ဟော်မုန်ကိုပြန်ဖြည့်ခြင်း၊ သိုင်းရိုက်ကိုကုသခြင်းဖြင့် ဝမ်းချုပ်ခြင်းသက်သာသွားနိုင်ပါသည်။ အထက်ပါရောဂါများအပြင် အခြားသောအကြောင်းများစွာတို့ကြောင့်လည်း ဝမ်းချုပ်ခြင်းဖြစ်နိုင်ပါသည်။ မည်သည့်အကြောင်းကြောင့်ဝမ်းချုပ်ခြင်းဖြစ်စေ အရေးကြီးသော သေစေနိုင်သောရောဂါများကို အရင်ရှာဖွေ နို်င်မှသာ ဝမ်းချုပ်ခြင်းဖြစ်တတ်သောရောဂါကြီးများကိုကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထိုကြောင့်ဝမ်းချုပ်ခြင်းဖြစ်စေ၊ အခြားသောအူလမ်းကြောင်းလက္ခဏာတစ်ခုခုပေါ်ပေါက်လာလျှင်ဖြစ်စေ အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်များနှင့်အလျင်အမြန်ပြသ၍ဆွေးနွေးတိုင်ပင်သင့်ပါသည်။ အူမကြီးမှန်ပြောင်းကြည့်ရှုသင့်သည့် လက္ခဏာများ ၁။ စအိုမှ သွေးယိုခြင်း ၂။ ဝမ်းထဲသွေးပါခြင်း ၃။ ချက်အောက်ပိုင်းဗိုက်တွင်ရစ်ရစ်နာနေခြင်း ၄။ ဝမ်းကျန်သလိုခံစားနေရခြင်း ၆။ ပုံမှန်နှင့်မတူဘဲဝမ်းချုပ်လာခြင်းသို့မဟုတ်ဝမ်းအရည်များသွားခြင်းသို့မဟုတ် အကျိအချွဲများသွားနေခြင်း ၇။ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း ၈။ ကြာရှည်ဝမ်းလျှောနေခြင်းသို့မဟုတ်ဝမ်းမကြာခဏပျက်တတ်ခြင်း ၉။ မျက်စိနှင့်ဝမ်းထဲသွေးမမြင်ရသော်လည်းဝမ်းတွင်းသွေးစစ်ဆေးခြင်း ( FOB သို့မဟုတ် FIT) စစ်ဆေးရာတွင် သွေးပါနေသည်ဟုအဖြေထွက်ခြင်း ၁၀။ မိသားစုမျိုးရိုးထဲတွင် ငယ်ငယ်ရွယ်ရွယ်နှင့် အူမကြီးကင်ဆာဖြစ်ဖူးသူ(သို့မဟုတ်) အခြားအူလမ်းကြောင်းကင်ဆာဖြစ်ဖူးသူများရှိနေခြင်း စသည့် အကြောင်းအရာတစ်ခုခုရှိနေလျှင် အူမကြီးမှန်ပြောင်းကိုကြည့်ရှုစစ်ဆေးထားခြင်းဖြင့် မိမိအူလမ်းကြောင်း၏ပြောင်းလဲမှုများကို စောစောသိရှိထားပြီးကြိုတင်ကာကွယ်ကုသမှုများပြုလုပ်နိုင်ပါသည်။ အချုပ်အားဖြင့် ရှင်းလင်းအောင် တိတိကျကျပြောရလျှင် ၄၅ နှစ် အထက် မည်သည့်လက္ခဏာမှ မရှိသော လူတိုင်း အူမကြီး မှန်ပြောင်း ကြည့်ရှုပြီး စစ်ဆေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ စစ်ဆေးပြီး အသားပို၊ အလုံး အကျိတ်များ မရှိလျှင် နောင် ၃ နှစ် နေမှ ပြန်လည် စစ်ဆေးလျှင် ရပြီး အူမကြီး ကင်ဆာ ဖြစ်ခြင်းမှ စိတ်အေး လက်အေး နေထေိုင်၍ ရပါသည်။
မှတ်ချက်။ ။ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင်မှ လာမည့် အပတ် စနေ၊ တနင်္ဂနွေနေ့ (12.10.19 နှင့် 13.10.19) နေ့လည် ၂နာရီ တွင် Family Doctor အထူးကုဆေးခန်းတွင် လူနာများအား လာရောက်ကြည့်ရှုပေး မည်ဖြစ်ပါသဖြင့် ဆရာ၏ လူနာအဟောင်းများ၊ ပြသလို သော လူနာအသစ်များ၊ အစာအိမ် မှန်ပြောင်းနှင့် အူမကြီး မှန်ပြောင်း ကြည့်ရှု စစ်ဆေးလိုသော မိဘပြည်သူများ အား သတင်းကောင်းပါးအပ်ပါသည်။ ဆရာကြီး ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် နှင့် ပြသနိုင်ရန် အတွက် ယခု မှ စတင်၍ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ဖုန်းဆက်ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း အထူး သတင်းကောင်းပါးအပ်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။ အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ချိန်မှာ ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 130,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 240,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး စုစုပေါင်း ၁ သိန်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်နှင့် အူလမ်းကြောင်း သာမက သည်းခြေလမ်းကြောင်း များ နှင့် ပက်သက်သော လက္ခဏာများ၊ ရောဂါများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း ဌာနမှ အထူးကုသမားတေ်ာများနှင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်ပြီဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်များမှာ ၁။တွဲဖက်ပါမောက္ခ ဒေါက်တာ ဆွေမွန်မြ M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) Senior Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄း၃၀ နာရီ။ စနေနေ့ ညနေ ၄း၃၀ နာရီ။ ၂။ဒေါက်တာ စန္ဒာဝင်း M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ သောကြာ ညနေ ၅ နာရီ။ တနင်္ဂနွေနေ့ ညနေ ၆ နာရီ။ ၃။ဒေါက်တာ မြသက်နွယ် M.B.,B.S., M.Med.Sc (Internal Medicine) Dr.Med.Sc (Gastroenterology) Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။ ၄။ဒေါက်တာ သီတာစိုး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။ ၅။ဒေါက်တာလင်းထက်ဦး M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။ ၆။ဒေါက်တာသန်းသန်းအေး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။ On Call ၇။ဒေါက်တာစုစုလှိုင် M.B.,B.S., M.Med.Sc (Internal Medicine),MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး နေ့စဉ် On Call ၈။ဒေါက်တာ ဥမ္မာညွန့်တင် M.B.,B.S., M.Med.Sc (Internal Medicine) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။ ၉။ဒေါက်တာ နန်းခင်ဖုန်းတင့် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး On Call အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။
Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ချိန်မှာ ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 130,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 240,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး စုစုပေါင်း ၁ သိန်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။
မိသားစုဆိုတာ မိမိအတွက် အဖိုးအတန်ဆုံး ဆုလာဘ်တစ်ခုဆိုရင် ….. ဘယ်လိုနေမှာလဲ ဘယ်လိုထိုင်မှာလဲ ဘာတွေလုပ်မှာလဲ ပျော်ရွှင်အောင် နေမယ်။ အမှတ်တရ တွေဖန်တီးမယ်။ အိမ်မက်လှလှတွေ တူတူမက်ကြမယ်။ အနာဂတ်တွေကို တည်ဆောက်မယ်။ ဒါပေမယ့် တစ်ချို့တွေ မေ့လျော့နေတာ တစ်ခုရှိတယ်။ အနာဂတ်ဆိုတာ ကျန်းမာရေးနှင့် တည်ဆောက်ရတယ်ဆိုတာ မိသားစုတစ်ခုဟာ မိမိ အပါအဝင် ၄ ယောက်ရှိတယ်ဆိုရင် မိမိအတွက် တစ်စက္ကန့်ဟာ မိသားစုအတွက် ၄ စက္ကန့် အဖိုးတန်ပါတယ်။ မိမိဟာ အိမ်ထောင်ဦးစီးဆိုရင် မိမိ အနာဂတ်ဟာ မိသားစုဝင်တိုင်းအတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ ကျန်းမာရေးဆိုတာ ရင်းနှီးမြုပ်နှံခြင်းပါ အခုချက်ချင်း အကျိုးရှိတယ်လို့ ခံစားချင်မှ ခံစားရမယ်….. ဒါပေမယ့် တစ်ချိန်မှာ… မိသားစုတွေ ပျော်ရွှင်ပြီး ပြုံးပျော်နေကြတယ် မိသားစုနဲ့ မမေ့နိုင်သော အမှတ်တရ တွေဖန်တီးနေကြတယ် မိသားစုနဲ့ အိပ်မက်လှလှတွေ တူတူမက်ကြတယ် မိသားစုနဲ့ အနာဂတ်တွေတည်ဆောက်ရင်း ဘဝကို တန်ဖိုးရှိအောင် နေထိုင်ကြတယ် ဖြစ်နိုင်ရင်…. ကျန်းမာရေးဆိုတာ လူတိုင်းလူတိုင်း တစ်နှစ်တစ်ခေါက်တော့ သတိရသင့်သော အရာတစ်ခုပါ။
Family Doctor . . . . Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတိဖြစ်စရာပါ။ Special Whole Body Package သည် Medical Checkup အား ထိထိရောက်ရောက် ပြုလုပ်လိုသည့် မိဘပြည်သူတိုင်းအတွက် အကောင်းမွန်ဆုံးသော ကျန်းမာရေး စစ်ဆေးမှုဖြစ်ပါတယ်။ နိုင်ငံခြားမှာ သွားရောက်စစ်ဆေး သကဲ့သို့ Item အစုံအလင် ပါပြီး လူတိုင်းလူတိုင်း အသက်သာဆုံး ဈေးနှုန်းဖြင့် ထိထိရောက်ရောက်စစ်ဆေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။ ဒါ့အပြင် သီတင်းကျွတ် Promotion အနေဖြင့် Promotion ကာလကို October လကုန် အထိ ထပ်ပြီး တိုးပေးထားလို့ Medical Checkup မလုပ်ရသေးစသော မိဘပြည်သူများအတွက် ကျန်းမာရေး စစ်ဆေးမှု အား Promotion ကာလအတွင်း ဈေးနှုန်း အထူးသက်သာ စွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ သီတင်းကျွတ် အထူး Promotion အနေဖြင့် October လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ သီတင်းကျွတ် အထူး Promotion အနေဖြင့် October လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။)
မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။
