
ဦးဝင်းတင် ဖောင်ဒေးရှင်းအနီးက အိမ်ကို လာရောက်ရှာဖွေ၊ လူစုရုံးမှုကြောင့် သေနတ်ပစ်ဖောက် ရှင်းလင်း ပုဇွန်တောင်မြို့နယ် လမ်း ၅၀ က ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ညနေပိုင်းမှာ ဝင်စီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့ ဖောင်ဒေးရှင်းကို ဝင်စီးနင်းတာ မဟုတ်ဘဲ ဘေးအိမ်မှာနေတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ကို လာဖမ်းတာလို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။ လာရောက်ရှာဖွေခံရသူ အိမ်မှာမရှိဘဲရပ်ကွက်ကလူတွေ ဝိုင်းလာလို့သေနတ် ၄ ချက် ဖောက်ပြီး ရဲတပ်ဖွဲ့က ပြန်ထွက်သွားတယ်လို့ ရပ်ကွက်နေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56140135 Credit: