
အာဏာသိမ်းခေါင်းဆောင်များအား ကျောက်ဆည် မဟာရွှေသိမ်တော်ဘုရားတွင် ကျိန်စာတိုက် . စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများအား ကျောက်ဆည်းမြို့ ရှိ မဟာရွှေသိမ်တော်ဘုရားတွင် ဒေသခံပြည်သူများက ကန်တော့ပွဲများနှင့် ယနေ့မနက်ပိုင်းတွင် ကျိန်စာတိုက် ခဲ့ကြသည်ဟု သိရသည်။ . “ သပိတ်မှောက် မှဆီ၊ ရွှေသိမ်တော်မြတ် ဆီသို့၊ "မင်း" ဆိုးယုတ်ကြောင့်၊ ပြည်သူ နှလုံး၊ မရွှင်ပြုံး၍၊ ဆုရည် လို့ငှါ၊ ချီတက်လာပြီး၊ ပြည်သူ့ ကျိန်စာ၊ တိုက်ရပါသည်၊ ဆိုသစ္စာ စကား၊ မှန်သော်ငြားက၊ ကျောက်ဆည် ဘု ရား၊ ကျိန်စာ များသည်၊ မိစ္ဆာ "မင်း" ယုတ်၊ မျိုးလုံးပြုတ်အောင် "ပြည်သူ့" သစ္စာစူးစေသော်” ဟူ၍ တိုင်တည် ခဲ့ကြသည်ဟု သိရသည်။ . မူရင်း : The Irrawaddy Burmese Edition ဓာတ်ပုံ : FB . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: