No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အင်းစိန်ဈေးရှေ့ဆန္ဒပြသူတွေကို အသံဗုံးများဖြင့် ဖြိုခွင်းခဲ့ပေမယ့်လည်း ဆက်လက်ဆန္ဒပြနေဆဲ --------------------------------------------------------------------------------------------------- ဒီကနေ့ မနက်ပိုင်းမှာ နေ့တိုင်းဆန္ဒပြနေတဲ့ အင်းစိန်ဈေးရှေ့အထိုင်သပိတ်ကို ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုပုံးအသံဗုံးတွေ (၄၊ ၅ လုံးခန့်) နဲ့ ဖြိုခွင်းခဲ့တဲ့အပြင် CDM လုပ်နေတဲ့အင်းစိန်မီးရထားစက်ခေါင်းဝန်းအတွင်းကိုလည်းအသံဗုံးတွေ၊ မီးခိုးဗုံးတွေ နဲ့ပစ်နေတယ်လို့ အင်းစိန်မြို့မှာ နေထိုင်သူတစ်ဦးက Duwun ကို သတင်းပေးပို့လာပါတယ်။ လက်ရှိအချိန်ထိတော့ ရဲကား၊ စစ်ကားများလည်း ဆက်လက်စောင့်ကြည့်အခြေအနေမှာရှိနေပြီး ဆန္ဒပြသူတွေဟာလည်း အင်းစိန်လှိုင်မြစ်လမ်းတလျှောက်ကနေ အောင်ဇေယျတံတားခြေရင်းထိ ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - အောင်ကျော်ဇော Credit: