No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒီနေ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု သေဆုံးသူ (၁၀)ဦးရှိလာ ~~~~~ ရန်ကုန် မြောက်ဥက္ကလာမှာလဲ အကြမ်းဖက်သမားတွေ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အသက် (၁၉)နှစ်အရွယ် ကိုထက်အောင် ကျဆုံးသွားတယ်လို့ သိရှိရပါတယ်။ ဒီကနေ့ မတ်လ (၃)ရက်နေ့တစ်ရက်ထဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ရာ သေဆုံးသူပေါင်း အနည်းဆုံး (၁၀)ဦးထိ ရှိလာနေတယ်လို့ သတင်းရရှိထားပါတယ်။ မတ်လ(၃)ရက်နေ့ သေဆုံးသူစာရင်း 🔴 မန္တလေး - (၂)ဦး 🔴 မြင်းခြံ - (၂)ဦး 🔴 မုံရွာ - (၅)ဦး 🔴 ရန်ကုန် - (၁)ဦး ဒဏ်ရာ အခြေအနေ စိုးရိမ်ရတဲ့ သူတွေ ရှိနေသေးတဲ့အတွက် ထပ်မံပြီး သေဆုံးစာရင်း မြင့်တက်နိုင်ပါသည်။ အသေးစိတ်ကို ဆက်လက်တင်ပြပေးသွားပါမည်။ #WeNews #ကျဆုံးသူများ #အကြမ်းဖက်မှု Credit: