No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ နာရေး ~~~~~~ ■ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် ၂၀၂၁ မတ် ၃ ရက်နေ့က လမ်း ၈၄ လမ်း ၃၀ ဖြစ်စဉ်မှာ နေရာမှာတင် သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို လမ်း ၈၀ ယူနန်ဗုဒ္ဓဘာသာကျောင်းမှာ ဒီနေ့ ပြုလုပ်နေပါတယ်။ နာရေးအခမ်းအနားကို လာရောက်သူ သောင်းချီရှိခဲ့ပြီး မကြယ်စင်အတွက် ဂုဏ်ပြုပန်းစည်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ဆောင်ပန်းစည်းတွေဟာလည်း ကားတစ်စီးအပြည့်ဖြစ်တာ တွေ့ရပါတယ်။ မကြယ်စင်ရဲ့ ရုပ်အလောင်းကို အေးရိပ်ငြိမ်းသုသာန်မှာ သင်္ဂြီုဟ်ပါတယ်။ Credit: