No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

🔴 Myanmar Academy ဆုရှင် သရုပ်ဆောင် " ခန့်စည်သူ "တရားဝင် ပိတ်ပင်ခြင်း . Myanmar Academy ဆုရှင် သရုပ်ဆောင် " ခန့်စည်သူ " သည် နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊ သင် ရရှိထားသော Myanmar Academy ဆုTitle ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း နှင့် အဆိုးဆုံးကတော့ မိမိတို့ပြည်သူလူထုကို ပုန်ကန်သည့် သဘောကို သက်ရောက်နေတာဖြစ်လို့ ယနေ့ ယခုမှ စတင်ကာ Myanmar Academy ဆု တင်မက မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ " ခန့်စည်သူ " အား ရာသက်ပန်တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး သူနှင့်ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်းမည်​ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်။ . ဆက်လက်ပြီး အကယ်ဒမီ ဆုရရှိသူများထဲမှ ထုပ်ပယ်ရန် ကျန်ရှိနေသူများ ထပ်မံတင်ပြသွားမည်ဟု The Myanmar Academy Awards ၏ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားရှိပါသည်။ . #themyanmaracademyawards ဓါတ်ပုံ- ခန့်စည်သူ (Facebook) . #Myanmarlive #Myanmar #Thailand #journal #freecopy #mahachai #samutsakorn #betterlife #news #Andrew_KC Credit: