
"မြန်မာနိုင်ငံတွင်အကြမ်းဖက်နှိမ်နင်းမှုများချက်ချင်းရပ်ရန် ပြင်သစ်သမ္မတမြန်မာဘာသာဖြင့်ရေးသားတိုက်တွန်း" ပြင်သစ်သမ္မတအီမာမြုရယ်လ်မာကွန်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန်ရန် အပါအဝင်အချက်သုံးချက်ကို ၎င်း၏ဖေစ်ဘွခ်တွင်မြန်မာ ဘာသာနှင့်ရေးသားတိုက်တွန်းလိုက်သည်။ပြင်သစ်သမ္မတကတွစ်တာပေါ်တွင်ပြင်သစ်ဘာသာစကားဖြင့်ပထမဦးစွာ တင်ခဲ့ပြီးနောက်ဖေစ်ဘွခ်တွင် မြန်မာဘာသာဖြင့်မိနစ်ပိုင်းသာခြား၍ရေးသားထားခြင်းဖြစ်သည်။ထိုအပြင် ပြင်သစ်သည်မြန်မာပြည်သူများနှင့်ရပ်တည်ကြောင်း လည်းရေးသားထားသည်။ မာကွန်ရေးသားထားမှုအပြည့်အစုံမှာ "မြန်မာနိုင်ငံတွင် ပြုလုပ်နေသော အကြမ်းဖက်နှိမ်နင်းမှုများကို ချက်ချင်းရပ်တန့်ရန် ဖမ်းထားသူများအား ပြန်လွှတ်ပေးရန်နှင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သောမြန်မာလူထု၏ ဆန္ဒမဲကိုလေးစားရန် ပြင်သစ်ကတောင်းဆိုပါသည်။ ပြင်သစ်သည် မြန်မာပြည်သူများဘက်မှရပ်တည်ပါသည် ။" ဟုဖြစ်သည်။ Credit: