
"မြင်းခြံရှိ ကျေးရွာအချို့ စစ်အာဏာရှင် ဆန့်ကျင်ရးဆန္ဒထုတ်ဖော်" မြင်းခြံမြို့နယ်တွင် မြို့ပေါ်သာမက ကျေးရွာများကပါ မိမိတို့ရွာအတွင်း လှည့်လည်၍စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ရွာသူ၊ရွာသားများသည် အာဏာရှင်စနစ် အလိုမရှိ ၊ ဖမ်းဆီးခံခေါင်းဆောင်များချက်ချင်းလွှတ် ၊ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး၊အာဏာသိမ်းစစ်ကောင်စီ အလိုမရှိ ၊ဒီမိုကရေစီရရှိရေး တို့အရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မြင်းခံဒေသခံတစ်ဦးက ပြောသည်။ ဓာတ်ပုံ - ဒေသခံ Credit: