
စစ်တပ်နှင့်ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် လာရောက်ဖြိုခွင်းစဉ် ပြေးချိန်ရရန် ပစ်ဖောက်သော မီးရှုးမီးပန်းကို ဗုံးပစ်လက်နက်ဟု စစ်အုပ်စု သတင်းစာများက လိမ်လည်ဝါဒဖြန့်ပုံဖျက်နေ ရန်ကုန်၊ မတ် ၅ စစ်တပ်နှင့်ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် လာရောက်ဖြိုခွင်းစဉ် ပြေးချိန်ရရန် ပစ်ဖောက်သော မီးရှုးမီးပန်းကို ဗုံးပစ်လက်နက်ဟု စစ်အုပ်စု သတင်းစာများက ယနေ့တွင် လိမ်လည်ဝါဒဖြန့်ပုံဖျက်လျက်ရှိကြောင်း သိရှိရသည်။ လူကို ထိခိုက်နာကျင်မှု လုံးဝ(လုံးဝ) မဖြစ်ပေါ်စေဘဲ အသံ၊ အငွေ့သာ ထွက်သည့် မီးရှူးမီးပန်း၊ အငွေ့ထွက်ပြောင်းကို ဗုံးပစ်လက်နက်ကိုင်ဆောင်ဟု စစ်အာဏာသိမ်းကောင်စီက ယနေ့စစ်အုပ်စုထိန်းချုပ်ထားသော သတင်းစာများတွင် ဖော်ပြ၍ ငြိမ်းချမ်းစွာ စစ်အာဏာရှင် ဆန့်ကျင်သူပြည်သူများကို အကြမ်းဖက်သူများအဖြစ်ပုံဖော်လာနေခြင်းဖြစ်သည်။ စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အကြမ်းဖက် လာရောက်ဖြိုခွင်းပါက ပြေးချိန်ရရန် ဟန့်တားသည့်အနေဖြင့် ဆန္ဒပြသူများက မီးရှုးမီးပန်း ပစ်ဖောက် ဟန့်ထားခြင်းဖြစ်ပြီး အသုံးပြုသည့် မီးရှုးမီးပန်း ပုံများကို ပြန်လည် ဖော်ပြထားပါသည်။ Credit: