No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဝန်ထမ်း ၁၀၀ ကျော် CDM တွင်ပါဝင်လာ" ရန်ကုန် - သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်မှ ဝန်ထမ်း ၁၀၀ ကျော်သည် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM)၌ ယနေ့စတင်ပါဝင်ပြီဖြစ်ကြောင်း အစီအစဉ်တွင်ပါဝင်သည့်ဝန်ထမ်းများက အတည်ပြုသည်။ လက်ရှိတွင် CDM ပြုလုပ်မည့် ဝန်ထမ်းများ၏ အမည် ၊ ရာထူး ၊ မှတ်ပုံတင်အမှတ်စသည်တို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကခန့်အပ်သည့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးထံ ဝန်ထမ်းစာရင်းများပေးပို့ရန် ပြင်ဆင်လျက်ရှိ သည်ဟု ၎င်းတို့က ဆိုသည်။ "ကျွန်တော်တို့ဟာ ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ပြည်သူနဲ့အတူ တသားတည်းရပ်တည်လိုတဲ့အတွက် အခုလို CDM မှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်"ဟု အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှင်သူမြတ် တာဝန်ယူခဲ့သည့် ဗုဒ္ဓတက္ကသိုလ်လည်းဖြစ်သည်။ သတင်း၊ ဓာတ်ပုံ - 7Day News Credit: