No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြောက်ဥက္ကလာတွင် အကြမ်းဖက်ပစ်ခတ်ခံရပြီး သေဆုံးသူနှစ်ဦးအား ဂူသွင်းသင်္ဂြိုဟ် ရန်ကုန် - ၂၀၂၁ မတ် ၇ (မော်ကွန်း) မြောက်ဥက္ကလာပအဝိုင်းတွင် ဆန္ဒပြရင်းရဲနှင့် စစ်တပ်က အကြမ်းဖက်ဖြိုခွဲသဖြင့် သေဆုံးခဲ့သော ကိုထက်အောင် ခေါ် ကိုဟိန်းထက်အောင် (၁၇) နှစ်နှင့် ကိုမင်းဦး (၂၁) နှစ်တို့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရေဝေးသုဿာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ကိုမင်းဦးသည် မြောက်ဥက္ကလာ (၂) ရပ်ကွက်တွင် နေထိုင်ပြီး ဗုဒ္ဓဘာသာလူငယ်စုစည်းမှုလူမှုကူညီရေးအသင်းဝင်ဖြစ်ကာ ကျပန်းအလုပ်သမားဖြစ်သည်။ ကိုထက်အောင်သည်လည်း ယင်းရပ်ကွက်တွင် နေထိုင်ပြီး ရေသန့်ပို့သူဖြစ်သည်။ ၎င်းတို့သည် မြောက်ဥက္ကလပအဝိုင်း ကျောက်ရေတွင်းတံတားအဆင်းတွင် မတ် ၃ ရက်က စစ်အာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ရင်း ရဲနှင့်စစ်တပ်က သေနတ်ဖြင့် အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။ မြောက်ဥက္ကလာပအဝိုင်းတွင် ဆန္ဒထုတ်ဖော်ရင်း ကျဆုံးသွားသူများဖြစ်သည့် ကိုဇွဲထက်စိုး(၂၆) နှစ်၊ ကိုအာကာမိုး (၂၅) နှစ်၊ ကိုဖိုးချစ် (၂၂) နှစ်တို့ကို မတ်လ ၅ ရက်တွင်လည်းကောင်း ကိုစည်သူရှိန် (၁၈) နှစ်ကို မတ်လ ၆ ရက်တွင်လည်းကောင်း ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ ထို့အပြင် ၎င်းတို့နှင့်အတူ ကျဆုံးခဲ့သော ကိုရာဇာမင်း (၃၃) နှစ်ကို ၎င်း၏ဇာတိဖြစ်သော ဇလွန်မြို့သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည်။ Credit: