
မြန်မာပြည်ကို ခါးဖြတ်သွယ်တန်းထားသော တရုတ် ဂတ်စ်ပိုက်လုံးကြီးနှင့်ပတ်သက်၍ တရုတ်မှ အင်မတန်စိုးရိမ်နေသည်ကို လျို့ဝှက်ဟု နာမည်တပ်ထားသော မလျို့ဝှက်စာမှတဆင့် မြန်မာပြည်သူများ ကြားသိရပါသည်။ မြန်မာပြည်သူများအနေဖြင့် အဆွေတော်တို့ စိုးရိမ်ပူပန်နေသည်ကို ကြားသိရသဖြင့် အထူးပင်ဝမ်းသာကြည်နူးမိပါသည်။ မိမိတို့ နိုင်ငံတွင် သွယ်တန်းထားသော ပိုက်လိုင်းကြီး၏ အရေးကိစ္စသည် မိမိတို့၏ ပြည်တွင်းရေးသာဖြစ်ပြီး အဆွေတော်တို့ စိတ်ပူရန်စောက်ကြောင်းတစ်ကွက်မှ မရှိကြောင်း သိစေလိုက်သည်။ ယခုကဲ့သို့ အဆွေတော်တို့၏အရှိုက်ကွက်ကို အသိပေးသော CDM မလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို အနည်းငယ်ကျေးဇူးတင်ပါကြောင်းနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုကို အလေးထားသောအားဖြင့် ဂတ်စ်ပိုက်လိုင်းကြီးအား မဖြစ်မနေမီးရှို့မည်ဖြစ်ကြောင်း သိစေရန် ထုတ်ပြန်ကြေညာလိုက်သည်။ ပုံ မြန်မာနိုင်ငံလုံးဆိုင်ရာ တရုတ်ဂတ်စ်ပိုက်လိုင်း မီးတင်ရှို့ရေးအဖွဲ့ချုပ် Credit: