
တစ်လပြည့်မုံရွာလူထုပင်မစစ်ကြောင်းနောက်သို့ရဲကားနှင့်စစ်ကားများလိုက်သော်လည်းအထိအခိုက်မရှိ =================== ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ယနေ့တ်လ(၇ )ရက်တွင် တစ်လပြည့်ပြီဖြစ်သောမုံရွာလူထုပင်မသပိတ်စစ်ကြောင်းကို ရဲကားနှင့်စစ်ကားများနောက်မှလိုက် လာသော်လည်းစစ်ကြောင်းတွင်း အထိအခိုက်၊ အကျအဆုံး မရှိခဲ့ကြောင်းသိရသည်။ "ဖေဖော်ဝါရီ (၇) ရက်နေ့ကစတင်ခဲ့တဲ့ မုံရွာလူထုပင်မသပိတ်စစ်ကြောင်းဟာဒီနေ့ မတ်လ (၇) ရက်၊ တစ်လပြည့်တဲ့အထိတစ်ရက်မှမပျက်မကွက်ဘဲ ဆက်လက်ချီတက်နိုင်ဆဲပါ။ဒီနေ့စစ်ကြောင်းတွင်း အထိအခိုက်၊ အကျအဆုံး မရှိခဲ့ပါဘူး"ဟုသပိတ်စစ်ကြောင်းဦးဆောင်သူ ကိုဝေမိုးနိုင်ကပြောသည်။ သပိတ်စစ်ကြောင်းချီတက်ရာနန္ဒဝန်ရပ်ကွက်၊ မြကမ္ဘာပွဲရုံမှဦးအေးမြင့်၊ ဦးအောင်ကိုဝင်းနှင့်ကိုရာဇာစိုး (တရုတ်ကြီး)တို့ သုံးဦးကိုရိုက်နှက်ဖမ်း ဆီးခေါ်ဆောင်သွားရာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် မုံရွာခရိုင်ရှေ့နေများကွန်ရက် တို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မျိုးမောင်မောင်-မုံရွာ ဓာတ်ပုံ - ပြည်သူ့မီဒီယာ ကွန်ရက်-မုံရွာ Credit: