ဆန္ဒထုတ်ဖော်သူတွေ၊CDM လုပ်သူတွေနဲ့ အတူရပ်တည်ဖို့ဆိုပြီး TNLAတပ်ဖွဲ့ ဝင်တွေ ကွတ်ခိုင်မြို့အနီး ရောက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူတွေ၊ CDM လုပ်နေသူနဲ့ တစ်သားတည်း ရပ်တည်ကာကွယ်ဖို့ဆိုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)တပ်ဖွဲ့ ဝင်အင်အားအများအပြားကွတ်ခိုင် မြို့အနီးကိုဒီကနေ့ ရောက်ရှိလာတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ ကွတ်ခိုင်-တာမိုးညဲသွား လမ်းမပေါ် နမ့်ဟူးရွာအနီးမှာ ဖြတ်သန်းသွားသူတွေကိုTNLA တပ်ဖွဲ့ ဝင်တွေကအေးချမ်းစွာ ဆက်လက်ဆန္ဒပြဖို့၊ မိမိတို့တပ်ဖွဲ့အနေနဲ့ ပြည်သူနဲ့အတူတစ်သား တည်းရပ်တည်မှာဖြစ်ပြီး ရုံးမတက်ဘဲအာဏာ ဖီဆန် ရေး- CDMပြုလုပ်နေသူတွေ ကို ဆက်လက်ဝန်းရံဖို့ ပြောဆိုခဲ့တယ်လို့ နမ့်ဟူး ရွာခံအချို့က ပြောပါတယ်။ ကွတ်ခိုင်မြို့အနီး မှာ TNLA အဖွဲ့တွေရောက်ရှိလာသလို ကွတ်ခိုင်မြို့ပေါ်က စစ်အာဏာရှင် ဆန့်ကျင် ရေးသပိတ်စုရပ်အနီးမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ နေရာယူထားတာတွေ့ရပါ တယ်။ ဒေသခံပြည်သူတွေက တော့ စုပေါင်းသပိတ်ကို သတ်မှတ်လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- မိုင်းဘညဏ်၊Lway Tha Pyay ဘီဘီစီမြန်မာပိုင်း Credit:
