No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထဘီအလံထူစစ်ကြောင်း ဖြိုခွင်းခံရသော်လည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ ~~~ ယနေ့မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် စစ်အာဏာရှင်ကို တော်လှန်သော ထဘီအလံထူစစ်ကြောင်း ဖြိုခွင်းခံရသော်လည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ ယင်းစစ်ကြောင်းကို အမျိုးသမီးများက ဦးဆောင်ပြီး ထဘီများကိုအလံကဲ့သို့ လွှင့်ထားပြီး လုံခြုံရေးအဖြစ်အမျိုးသားများက စောင့်ရှောက်ပေးခဲ့သည်။ မြန်မာအမျိုးသမီးများ ဝတ်ဆင်သည့်ထဘီကို မြန်မာတို့အယူအဆအရ ဘုန်ကံနိမ့်တတ်ကြောင်းယူဆကြသည်။ ထဘီအလံထူပြီးဆန္ဒပြကြသည့် လူငယ်များသည် ကျားမခွဲခြားလိုခြင်းမဟုတ်ဘဲဗေဒင်ယတြာနှင့်ရှေးအယူအဆများကို လက်ခံယုံကြည်ထားသည့် စစ်ဗိုလ်ချုပ်များကို စိတ်ဓာတ်ရေးရာ ထိခိုက်မှုများရှိရန် ထဘီအလံထူဆန္ဒပြရခြင်းဖြစ်ကြာင်းသိရသည်။ Photo - Ye Naung / MPA #WeNews Credit: