
ဖြိုခွင်းမှုတွေကြား နေ့စဉ် အားမလျော့ဘဲ ချီတက်နေတဲ့ စမ်းချောင်းမြို့ လမ်းသွယ်ရဲ့ လက်ရှိအခြေအနေ ယနေ့ မတ်လ ၁၀ ရက်နေ့ စမ်းချောင်းမြို့နယ်ရဲ့ အခြေအနေကတော့ လမ်းသွယ်တွေ များတာကြောင့် တစ်ဘက်လမ်းသွယ်ကို ဖြိုခွင်းမှုရှိခဲ့ရင်၊ တစ်ခြားတစ်ဖက်လမ်းသွယ်တွေမှာ ပြည်သူတွေပြန်စုပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်လာကြတာကိုတွေ့ရပါတယ်။ "စမ်းချောင်း ကျွန်းတောလမ်းဘက်ကိုစတင်ဖြိုခွင်းခံနေရပြီလို့ကြားပါတယ်။ ကျွန်တော်တို့အခု စုရပ်မှာလည်း လမ်းထိပ်မှာ စက်ဘီး၂စီး၊ ရပ်ထားတယ်၊ သူတို့လည်း ကျွန်တော်တို့ကိုဘာမှမလုပ်သေးတဲ့အတွက် ကျွန်တော်တို့လည်း ကိုယ့်ဘာသာအကာအကွယ်တွေ၊ ဒိုင်းတွေလုပ်ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်သွားမှာပါ၊ ကျွန်တော်တို့ ကြောက်နေလို့ လမ်းမထွက်ခဲ့ရင် ကျွန်တော်တို့ အရှုံးပေးလိုက်ရမှာပါ၊ ဖမ်းဆီးခံလိုက်ရသူတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ကျွန်တော်တို့အရှုံးမပေးဘဲဆက်တိုက်သွားမှာပါ" လို့ ဆန္ဒထုတ်ဖော်ပြည်သူတစ်ဦး ကပြောပါတယ်။ #ငြိမ်းချမ်းပါစေ_မြန်မာပြည် #ပြည်သူ့အသံ #Myanmarload #MyanmarloadTV Credit: