No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေး၌ လက်နက်ကိုင်အကြမ်းဖက်တပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ကျောင်းသား ၁ ဦးထပ်မံ သေဆုံး DVB မန္တလေးမြို့မှာ မတ်လ ၁၁ ရက်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတစ်ခုကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ရိုက်နှက်ပစ်ခတ် ဖြိုခွဲရာမှာ ကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။ လမ်း ၉၀၊ ၃၀X ၃၁ လမ်းအနီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ ပြည်သူလူထုတွေကို အာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက်ကိုင် အကြမ်းဖက်တပ်တွေက အသံမိုင်းတွေခွဲတာ၊ ကျည်အစစ်နဲ့ပစ်ခတ်၊ ဒုတ်တွေနဲ့ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တာပါ။ သေဆုံးသွားသူဟာ အသက် ၁၉ နှစ်အရွယ် ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြစ်ပြီး ဆန္ဒပြပြည်သူတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ Photo - Myo Thiha Kyaw / MPA http://burmese.dvb.no/archives/450897 Credit: