13
Mar

မန္တလေး ထိုင်သပိတ် ပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ တစ်ဦးထပ်တိုး၊ စုစုပေါင်းသေဆုံးသူ ငါးဦးအထိရှိလာ ~~~~~~ ■ မန္တလေးမြို့ ၄၁ လမ်း စိန်ပန်းရပ်မှာ မတ် ၁၃ ရက် ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ထိုင်သပိတ်ဆန္ဒပြမှုအပြီး စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် သေဆုံးသူ တစ်ဦး ထပ်တိုးလာပြီး စုစုပေါင်းသေဆုံးသူ ငါးဦး ရှိလာပါတယ်။ စစ်တပ်က ပစ်ခတ်မှုကြောင့် ကိုကျော်ဆွေဦးဟာ အ.ထ.က ၂၄ ကျောင်းရှေ့မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တခြား သေဆုံးသူ လေးယောက်ကတော့ ဒေါ်ကေကြည်၊ ကိုစောပြည့်နိုင်၊ ဦးဝင်းဌေးနဲ့ ကိုမင်းမင်းထွန်း တို့ဖြစ်ပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်နဲ့ ဖမ်းဆီးခံရသူအယောက် ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ Credit: