No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြစ်ကြီးနားမြို့က စစ်အာဏာရှင်ကျဆုံးရေး ပြောက်ကျားသပိတ် ~~~~~ ■ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မတ် ၁၄ ရက် ဒီနေ့ ပြုလုပ်တဲ့ စစ်အာဏာရှင်ကျဆုံးရေး လမ်းလျှောက် ပြောက်ကျားသပိတ်ကို စစ်သားနဲ့ ရဲတွေက လိုက်လံဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့ အဖမ်းဆီးခံရသူ ရှိ၊ မရှိ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ ညသပိတ်တွေ ပြုလုပ်ရာမှာလည်း စစ်သားနဲ့ ရဲတွေက လိုက်လံဖြိုခွင်း ဖမ်းဆီးခဲ့ကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် အဖမ်းဆီးခံရသူ ၉၀ ဦးခန့်ရှိပြီး နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ အဖမ်းခံရသူတွေကို မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုချိန်ထိ ဧည့်တွေ့ခွင့် မရသေးဘူးလို့ အဖမ်းခံရသူ မိသားစုဝင်တွေက ပြောပါတယ်။ လူထုက မြို့ပေါ်မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြနေချိန် မတ်လ ၁၁ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ၊ တာမခံကျေးရွာအနီးနဲ့ မိုးကောင်းမြို့နယ် နမ်ရှန်ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်တပ်အကြား စစ်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေ မြစ်ကြီးနား၊ ဖားကန့်၊ နမ္မတီးမြို့နယ်တွေက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြရာမှာ KIO/KIA ကို ထောက်ခံကြိုတဲ့ ဆိုင်ဘုတ်တွေကိုပါ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်၊ တနိုင်း၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို အစရှိတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြမှုတွေရှိနေဆဲဖြစ်ပါတယ်။ Credit: