
ဥပဒေနဲ့အညီ ခုခံပိုင်ခွင့်ဟာ ပြစ်မှုမမြောက်ကြောင်း CRPH ကြေညာ ~~~~~~ ■ ပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့ အလိုက်ဖြစ်စေ၊ နေရာ ဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်ဆောင်ရွက်မှုမှန်သမျှဟာ ပြစ်မှုမမြောက်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH) က မတ်လ ၁၄ ရက်၊ မနေ့ကပဲ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။ CRPHက အကြမ်းဖက်အုပ်စုလို့ ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် အကြမ်းဖက် သတ်ဖြတ်တာ၊ နေအိမ်အတွင်း အဓမ္မဝင်ရောက် လုယက်ဖျက်ဆီးတာတွေကို နေ့စဉ် ကျူးလွန်နေတာကြောင့် ပြည်သူတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်လုံခြုံစွာ ရှင်သန် ရပ်တည်ခွင့်နဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့် ပေးအပ်ဖို့ ခုလို ထုတ်ပြန်တာလို့ဆိုပါတယ်။ အကြမ်းဖက်တဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့သစ္စာခံ လက်နက်ကိုင်အဖွဲ့နဲ့၊ လူပုဂ္ဂိုလ်တွေဟာလည်း နိုင်ငံ့ဝန်ထမ်း အဖြစ်က အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်တယ်လို့ CRPHရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ Credit: