
လှုိင်သာယာမှ ရွှေပြောင်းလုပ်သား အများအပြား နေရပ်ပြန်နေကြ၊ ရန်ကုန်ရောက် လုပ်သားများလည်း နေရပ်ပြန်ခြင်း ရှိနေ ======================== လှုိင်သာယာမြို့နယ်မှ ရွှေပြောင်းလုပ်သား အများအပြား နေရပ် ပြန်ခြင်း ရှိနေပြီး အချို့ပြည်သူများလည်း နေရပ်စွန့်ခွာခြင်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များထဲတွင် လှုိင်သာယာလည်း ပါဝင်နေကာ ရွေ့ပြောင်း အလုပ်သမား အများစု ရှိနေရာ မြို့နယ်လည်း ဖြစ်သည်။ "စက်ရုံ အလုပ်က နားထားတော့ အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် အိမ်ပြန်ပြီး ရတဲ့အလုပ် ပြန်လုပ်စားမယ် လို့ စိတ်ကူးထားတယ်။ ဘာလုပ်မယ်ဆိုတာ မစဥ်းစားရသေးဘူး" ဟု နေရပ်ပြန် ရွေ့ပြောင်းလုပ်သား ဖြစ်သူ မစန္ဒာက ဆိုသည်။ လက်ရှိနေရပ်ပြန်ရာတွင် ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး သို့ ပြန်သူ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်လုပ်ကိုင်နေသူ ရွေ့ပြောင်း လုပ်သားများလည်း နေရပ်ပြန်ခြင်း ရှိနေကြောင်း သိရသည်။ "ဒီနေ့ အိမ်ပြန်ပါပြီ။ အိမ်က စိတ်ပူလို့ ခေါ်တာရယ် အလုပ်ကလည်း မပြေလည်သေးလို့ပါ။ ပြန်လာမှာပါ" အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုမင်းမင်း က ဆိုသည်။ ထို့အပြင် လှုိင်သာယာ တွင် အိမ်ဝယ်ကာ နေထိုင်သူ အချို့လည်း နေရပ်ကို ခေတ္တစွန့်ခွာခြင်းမျိုး ရှိနေကြောင်း သိရသည်။ HAP Credit: