
မော်လမြိုင်မှာ အာဏာသိမ်း စစ်ကောင်စီကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ လူငယ်တွေ ဦးဆောင်ပြီး ပျောက်ကျားသပိတ်နဲ့ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံးရေ အင်အား ရာချီ ချထားတဲ့ မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြရင် အကြမ်းဖက်ခွင်းခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ လူငယ်တွေက အာဏာသိမ်း စစ်အစိုးရကို ပျောက်ကြား စနစ်နဲ့ နေ့ရောညပါ ဆန္ဒပြလာကြပါတယ်။ မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အစိုးရဲ့ လုံခြုံရေးတွေ ြဖစ်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး သေနတ်ဦးခေါင်း ထိမှန် သေဆုံးထားပါတယ်။ #dvbtvnews #မော်လမြိုင် #RejectMilitaryCoup. #whatishappeninginmyamar Credit: