No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကိုင်းမှာ သံဃာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြ စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာတွေကို သံဃာတွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေ ပူးပေါင်းပြီး ဒီနေ့ မတ်လ ၁၈ ရက်မှာ သပိတ်စစ်ကြောင်းပြုလုပ်ကြပါတယ်။ စစ်ကိုင်းမြို့မှာ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းတာရှိသလို တမန်နေ့ညက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌအိမ်ကို စစ်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာလည်း ရှိခဲ့ပါတယ်။ သူ့ကို CDM ဝန်ထမ်းတွေဆီ ငွေပေးလှူရာမှာ ကြားခံဆောင်ရွက် ပေးတဲ့ထဲ ပါဝင်သူလို့ ယူဆပြီး ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။ သော့ဖျက်ဝင်ရောက်ခဲ့‌ပေမယ့် လူကို မဖမ်းမိသွားပါဘူး။ စကားပြော P2P စက် အပျက် ၃လုံး အကောင်း၂လုံး ပါသွားတယ်လို့ သိရပါတယ်။ Credit: