No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

MUP ဗဟိုအလုပ်မှုဆောင် ဒေါက်တာဗညားအောင်မိုးကို စစ်ကောင်စီအဖွဲ့ဝင်ခန့်အပ် . မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးကို စစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။ . MRTV ရုပ်သံဌာနမှ မတ်လ ၁၇ ရက်နေ့ ညပိုင်းသတင်းတွင် ဒေါက်တာဗညားအောင်မိုးအား စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ . စစ်ကောင်စီအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ရန် မွန်ညီညွတ်ရေးပါတီက ရွေးချယ်ထားသော ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ ဗညားအောင်းမိုး သည် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည်။ . အလားတူ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာလည်း မွန်ညီညွန်ရေးပါတီပြေးရေးဆိုခွင့်ရှိသူ နိုင်လယ်တမ ကို အဖွဲ့ဝင်အဖြစ်ခန့်အပ်ထားသည်ဟု သိရသည်။ . ကိုးကား : DVB News ဓာတ်ပုံ : MUP – Ye . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: