
ဖိအားပေးခံရ၍ မန်းလေး CDM ရထားဝန်ထမ်းများ လိုင်းခန်းမှပြောင်းရွှေ့ . CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်ဆောင်နေသော မန္တလေးမြို့ရှိ မြန်မာ့မီးရထား ဝန်ထမ်းများအား မတ်(၂၂)ရက် နောက်ဆုံးထား အလုပ်ပြန်ဆင်းရန်နှင့် အလုပ်ပြန်မဆင်းလျှင် ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားပေးရန် သတိပေးသည့်အတွက် ယနေ့ မတ်(၁၉)ရက်မှ စတင်ကာ နီးစပ်ရာနေရာများသို့ ပြောင်းရွေ့နေကြကြောင်း သတင်းရရှိသည်။ . မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၇လမ်းပေါ်ရှိ မီးရထားဝန်ထမ်း လိုင်းခန်းနှင့် ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ မီးရထားဝန်ထမ်း လိုင်းခန်းများ၌ နေထိုင်သည့် မီးရထားဝန်ထမ်း မိသားစု (၁၀၀)ကျော်သည် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်။ . ယမန်နေ့ မတ်(၁၈)ရက်က မီးရထားဝန်ထမ်း တိုက်တန်းသို့ စစ်ကားများ ရောက်ရှိလာပြီး CDM လုပ်ဆောင်နေသော မီးရထားဝန်ထမ်းများ အနေဖြင့် မတ်(၂၂)ရက်တွင် အလုပ်ပြန်ဝင်ရန်၊ အလုပ်ပြန်လည် တာဝန်ထမ်းဆောင်မှု မရှိပါက ဝန်ထမ်းလိုင်းခန်းနေအိမ်မှ ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက အင်အားသုံးရှင်းလင်းမည် ဆိုသည့် စာများ လာကပ်သွားသည်ဟု မီးရထားဝန်ထမ်းများက ပြောသည်။ . "CDM မီးရထားဝန်ထမ်းတွေကို ၂၂ ရက်နေ့ နောက်ဆုံးထားပြီးပြောင်းဖို့ လာပြောသွားတယ်။ မီးရထားဝန်းထမ်းဆိုတာက အိုးပိုင်အိမ်ပိုင်ရှိတဲ့သူဆိုတာ ၁၀၀ မှာ တစ်ယောက်လောက် ရှိတာလေ။ ဘယ်သူမှ အိုးပိုင်အိမ်ပိုင်မရှိကြဘူး။ အခုလို ပြောင်းရွှေ့ကြရတော့ အဓိကအခက်အခဲကတော့ နေစရာအခက်အခဲတွေပါပဲ။ နောက်တစ်ခုကတော့ စားဝတ်နေရေးပေါ့။ အခု မီးရထားဝန်ထမ်းတွေက လစာလည်း မရကြတော့ဘူးလေ။ အဲ့ဒီအတွက် အခက်အခဲတွေကတော့ အများကြီး ကြုံနေရတာပါ” ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ . ကိုးကားနှင့်ဓာတ်ပုံ : Madalay Indepth News . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: