
မန္တလေးမြို့မှ မီးရထား၀န်ထမ်းများအား စစ်ကောင်စီမှ လာမည့် မတ်လ ၂၂ ရက်နေ့တွင် လုပ်ငန်းခွင်ပြန်၀င်ရန်နှင့် အလုပ်တာ၀န်ပြန်လည် ထမ်းဆောင်မှုမရှိပါက ၀န်ထမ်းလိုင်းခန်းနေအိမ်များမှ ဖယ်ရှားပေးရန် အသိပေးထား၍ မန္တလေးမြို့ ဘူတာကြီးအနီး ၇၇ လမ်း ၂၈ လမ်းမှ လမ်း ၃၀ ကြားရှိ မီးရထားတိုက်တန်းတွင် နေထိုင်ကြသော CDM ပြုလုပ်ထားသည့် ၀န်ထမ်းများသည် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် လိုင်းခန်းများမှ အထုပ်အပိုးကိုယ်စီဖြင့် ထွက်ခွာနေကြခြင်းဖြစ်သည်။ . မြို့ခံလူငယ်များကလည်း ကားများဖြင့်ရောက်လာပြီး ၀န်ထမ်းများ၏ ရွှေ့ပြောင်းမှုများအား ကူညီနေကြသည်။ ဖယ်ရှားခြင်းမရှိပါက အင်အားသုံးရှင်းလင်းမည်ဖြစ်ကြောင်း Myanmar Now ကွန်ရက်စာမျက်နှာတွင် သိရပါသည်။ . Ref: Myanmar Now . #MyanmarLive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit Credit: