No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးကုတ်မှာ မနေ့ည ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး မိုးကုတ်မြို့မှာ မနေ့ မတ် ၁၉ ရက် ညပိုင်းက မိုးကုတ်၊ လယ်ဦးရပ်ကွက်အတွင်း စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူတစ်ဦးကို ဆေးရုံလွှဲပြောင်းပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ "လယ်ဦးနဲ့ တောင်နီကွေ့၊ မိုးမိတ်လမ်းမကြီးကို တားထားတဲ့ အကာအရံတွေကို စစ်တပ်က လာဖယ်ရင်းနဲ့ လူထုက တားတော့ ထိပ်တိုက်တွေ့ပြီး ပစ်တာပါ။ တစ်ယောက်ကတော့ ညက ဆုံးတယ်။ ဦးမြင့်နိုင်ကတော့ ဒဏ်ရာပြင်းလို့ မန္တလေး ဆေးရုံကို ပို့ဖို့ လုပ်နေတယ်လို့ တော့ကြားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာ မစိုးရိမ်ရဘူး။ မိုးကုတ်မှာပဲရှိနေတယ်"လို့ မိုးကုတ်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဦးခေါင်းကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ကိုနိုင်လင်းအောင်ကို ဒီနေ့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဗမွန်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ Credit: