
မြရည်နန္ဒာအိမ်ရာ ပစ်ခတ်မှု လူငယ် ၁ ဦးသေဆုံး၊ အိမ်ရာကို စစ်ကောင်စီတပ်တွေ ဝိုင်းထား မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက် မြရည်နန္ဒာအိမ်ရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အတားအဆီးတွေကို ဝင်ဖြိုရာကနေ လူထုနဲ့ ထိပ်တိုက်တွေ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အသက်၁၈ နှစ်အရွှယ် ကိုဇော်ဇော် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြရည်နန္ဒာအိမ်ရာအနီး ဒေသခံတွေကပြောပါတယ်။ ရဲနဲ့စစ်တပ်က အောင်သာယာ၊ မြရည်န္ဒာရပ်ကွက်တွေအနီးလမ်းပေါ်လုံခြုံရေး အတားဆီးတွေကို ရှင်းလင်းဖျက်ဆီးပြီး အိမ်ရာဝင်းတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ နေ့လယ် ၃ နာရီခန့် အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက မြရည်နန္ဒာအိမ်ရာကို ဝိုင်းထားဆဲဖြစ်တယ်လို့လည်းသူကပြောပါတယ်။ မတ်လ၂၁ ရက်နေ့ည က အောင်သာယာ အောင်ပင်လယ်၊ မြရည်နန္ဒာ၊သမန်းကုန်းရပ်ကွက်တွေကို ဝင်ရောက်ပစ်ခတ်မှုတွေရှိပြီး အမျိုးသား ၇ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ- CJ Credit: