
ပြည်တွင်းပိုးတွေ့လူနာ ၃၈၃ ဦးထပ်တိုး ဗန်ကောက်တွင် ၃၅၂ ဦးဖြင့်ဗိုလ်စွဲ . မတ်လ ၂၃ ရက်နေ့တွင် ခရိုင် (၆) ခုမှ ပြည်တွင်းပိုးတွေ့လူနာ ၃၈၃ ဦးထပ်တိုးခဲ့ပြီး ဗန်ကောက် နယ်မြေတွင် ၃၅၂ ဦးအဖြစ် အမြင့်ဆုံးတွေ့ရှိရသည်ဟု ထိုင်းကိုဗစ်-၁၉ ကူးစက်ပြန့်ပွားအခြေအနေစီမံ အုပ်ချုပ်ရေးဗဟိုဌာန (CCSA) မှ ထုတ်ပြန်ထားသည်။ . ထပ်တိုးပိုးတွေ့လူနာစုစုပေါင်း၏ ၉၁ ဒဿမ ၉ ရာခိုင်နှုန်းတွေ့ရှိရသော ဗန်ကောက်နယ်မြေတွင် ကွာရန်တင်းစင်တာမှ ၂၉ ဦး၊ ပစ်မှတ်ထားစစ်ဆေးရာမှ ၅ ဦး၊ ဘန်ခေးလူဝင်မှုကြီးကြပ်ရေးအချုပ် ခန်းမှ ၃၁၈ ဦး အသီးသီးပါဝင်သည်ဟု သိရသည်။ . အဆိုပါ ပိုးတွေ့လူနာသစ်များကို ရောဂါစစ်ဆေးဖော်ထုတ်မှုများပြုလုပ်နေသည်ဟု ထပ်မံသိရှိရသည်။ . တဆက်တည်းတွင် စမွတ်ဆာခွန်ခရိုင်တွင် (၁၇) ဦး၊ နခေါ်ပထုန်ခရိုင်တွင် (၁၁) ဦး၊ ပထုန်ဌာနီ၊ ခေါကန်၊ နွန်ထဘူရီ စသည့်ခရိုင်များတွင် (၁) ဦးစီတွေ့ရှိရသည်ဟု ဖော်ပြထားသည်။ . မူရင်း : CCSA ဓာတ်ပုံ : BLT Bangkok . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: