
၁၂ လရာသီ မြန်မာ့ပွဲတော်တွေအရဆိုရင် တပေါင်းလဟာ သဲပုံစေတီတော်ပွဲ ကျင်းပပြီး ပုံမှန်ဆို ဘုရားပွဲတော်တွေကိုလည်း ကျင်းပလေ့ရှိတဲ့ လ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ကြုံနေရတဲ့အခုလိုကာလမှာ လူထုက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သဲပုံစေတီတည်ပြီး ဆုတောင်းပွဲတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ဒီနေ့ မတ်လ ၂၆ ရက်မှာလည်း ရန်ကုန် အလုံမြို့နယ်သူ မြို့နယ်သား လူငယ်တွေက သဲပုံစေတီတည်ပြီး ဆုတောင်းပွဲ ကျင်းပသွားပါတယ်။ Credit: