
မတ်လ၂၅ရက် ညပိုင်းက ပျောက်ဆုံးခဲ့တဲ့ မုံရွာအရှေ့ဘက်ပိုင်းနယ်မြေရဲကင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဆားကျင်းသုသာန်အနီးမှာ သေဆုံးနေတာတွေ့ရပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက စက်မှုဇုန် နယ်မြေမှာ လက်ဖက်ရည်ဆိုင်ထိုင်သူတွေနဲ့ လူနေအိမ်တွေမှာ လူ ၃၀ နီးပါးကို အင်အားသုံး ဖမ်းဆီးတာတွေ ရှိတယ်လို့ စက်မှုဇုန်ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။ Credit: