
NLD နာယက သူရဦးတင်ဦး တပ်မတော်နေ့ အခမ်းအနား မတက်ရောက် ~~~~~~ ■ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဖြစ်သူ ဦးတင်ဦး ကို မနက်ဖြန်မှာ ကျင်းပမယ့် ၇၆ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရပေမယ့် တက်ရောက်သွားမှာ မဟုတ်ကြောင်း ဦးတင်ဦးရဲ့ သားဖြစ်သူ ကိုသန့်ဇင်ဦး က RFA ကိုပြောပါတယ်။ ဦးတင်ဦး သားဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ''မိတ်ဆွေ တချို့မှ နေပြီး တက်လာတဲ့ သတင်းတစ်ခုကို လှမ်းမေးကြတဲ့အတွက် ပြန်လည် ရှင်းပြလိုပါတယ်။ နက်ဖြန် မတ်လ (၂၇) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်ပေးပါရန် ဖိတ်ကြားခြင်း ခံရပါတယ်။ ဒါပေမဲ့လည်း အခမ်းအနားသို့ တက်ရောက်ရန် အစီအစဉ် မရှိပါကြောင်း မိသားစုဝင်တစ်ဦးအနေနဲ့ အသိပေးပါတယ် လို့ ရေးသားထားပါတယ်။ မနက်ဖြန် အခမ်းအနားကို သူရဦးတင်ဦး တက်ရောက်မယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းအမှားတွေလည်း ပျံ့နှံ့နေပါတယ်။ NLD ပါတီ နာယက ဦးတင်ဦးဟာသူရဲကောင်း မှတ်တမ်းဝင် ဇေယျကျော်ထင် နဲ့ သူရဘွဲ့ရရှိထားပြီး ၁၉၇၄ ခုနှစ် ကနေ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ Credit: