
ဖားကန့်တွင် ဆန္ဒပြသူ ၁ ဦး စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် သေဆုံး DVB ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ မတ် ၂၇ ရက် မွန်းလွဲပိုင်းက ဆန္ဒပြသူတွေကို ရာဘာကျည်၊ ကျည်အစစ်၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ဖြိုးခွင်းခဲ့ပြီး အသက် ၃၀ အရွယ် လူငယ်တယောက် သေနတ်ထိမှန်ဒဏ်ရာနဲ့ ဦးခေါင်းပွင့် ကျဆုံးခဲ့ပါတယ်။ ဒဏ်ရာရတဲ့ လူနာ ၁၀ ယောက်လောက် ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ Credit: