
ကော့သောင်းတွင် လက်ရှိအချိန်ထိ သုံးဦးသေဆုံး တောင်ကုန်းများပေါ်မှစီး၍ ပစ်ခတ်နေသည်ဟု ဒေသခံများဆို ကော့သောင်း - ၂၀၂၁ မတ် ၂၇ (မော်ကွန်း) ယခုနောက်ဆုံးအချိန်အထိ ကော့သောင်းမြို့ သပိတ်များမှ ကျဆုံးသူ သုံးဦးထိရှိလာပြီး ဒဏ်ရာရရှိသူအများအပြားရှိကာ အလောင်း နှစ်လောင်းပြန်မရသေးဟု ဒေသခံများ သတင်းပေးပို့ချက်အရ သိရှိရသည်။ စစ်ကောင်စီဘက်မှ အောင်တော်မူဘုရားကုန်း၊ ငါးသုံးလုံးတောင်၊ ရွှေဇင်ယော်ဘုန်းကြီးကျောင်းနှင့် တိုက်များပေါ်မှ သေနတ်များဖြင့် အပေါ်စီးမှ ပစ်ခတ်နေသည်ကို ဒေသခံများက မြင်တွေ့ရကြောင်းဆိုသည်။ လက်ရှိတွင် ရွှေပြည်သာရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်နှင့် ရွှေဇင်ယော်ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ပြည်သူများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်အရ အလောင်းကောက်သူများကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ဓါတ်ပုံများ - CJs Credit: