
ပစ်ခတ်ခံရလို့ မနေ့က ကျဆုံးသွားတဲ့ ရွှေဘိုက ကိုကောင်းကောင်း ~~~~~ ■ မနေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက ပစ်ခတ်လို့ ကျဆုံးသွားတဲ့ ဘိသိက်ဆရာ ကိုကောင်းကောင်းရဲ့အလောင်းကို မတ် ၂၈ ရက် ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ စစ်တပ်က နေအိမ်ကို ပြန်လာပေးပါတယ်။ မနေ့က စစ်တပ်က လာလုတယ်၊ မိသားစုတွေကမပေးဘူး။ ဒါပေမဲ့ အလောင်းမပေးရင် ရပ်ကွက်ထဲကလူငယ်တွေကို ဖမ်းမယ်လို့ပြောလို့ အလောင်းကိုပေးလိုက်တာ။ ဒီနေ့ ၂ နာရီလောက် မှာ အလောင်းကို ကျည်ခွဲထုတ်ပီး ရင်ခွဲပြီးသား ပြန်လာပို့တာလို့ ပတ်ဝန်ကျင်နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။ Credit: