No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒလမြို့နယ်မှာမတ်၂၇ မနက်အစောပိုင်းပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၇ဦးရှိလာ ဒလမြို့နယ်မှာ မတ်၂၇မနက်အစောပိုင်း ပစ်ခတ်မှုတွေကြောင့် ကျည်ထိမှန်ခဲ့သူတွေထဲက ၂၄နှစ်အရွယ်ရှိ မောင်အာကာဇော်မှာ မတ်၂၉ရက်ညပိုင်းက သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေထံကသိရပါတယ်။ သေဆုံးသူဟာ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ " အဲဒီနေ့က ဒဏ်ရာရသူတွေထဲ မနက်အထိ ကုသမှုမခံရတဲ့သူတွေမနည်းဘူး။ ဘယ်သွားကုရမယ်မှန်းမသိကြဘူး။အဲဒီညက အံ့ကြီးရပ်ကွက်က ကုပေးတဲ့ဆရာဝန်ကိုလည်း နောက်နေ့ကျ စစ်တပ်က ဝင်ဆွဲတယ်။ ဆရာကတော့ရှောင်နေလို့ပါမသွားဘူး။ ဆေးရုံကလည်း ရဲစခနိးနဲ့ကပ်ရက်ဆိုတော့ ဘာမှလုပ်မရဘူး။ အခု​သေတဲ့သူတွေထဲ ညတွင်းချင်းဆုံးတာ ၃ယောက်ပဲ အချိန်မီကုသမခံရလို့ ဆုံးတဲ့သူတွေလည်းရှိတယ်"လို့ ဒလမြို့ခံတစ်ဦးကပြောပြပါတယ်။ ဒလမြို့နယ်မှာ ပြီးခဲ့တဲ့မတိ၂၆ရက်နေ့က သမ္မတကမ်းခြေရပ်ကွက်ကအမျိုးသမီး၂ဦးကို ဆန္ဒပြရာမှာပါဝင်လို့ဆိုပြီး နေအိမ်တွေမှာဖမ်းဆီးခေါ်ဆောင်သွားရာကနေလပြန်လွှတိပေးဖို့တောင်းဆိုရာက လူစုလူဝေးဖြစ်ပေါ်မှုကြောင့် တပ်နဲ့ရဲပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး မတ်၂၇ရက်မှာ ၆ဦးသေဆုံးခဲ့ပြီး စုစုပေါင်း ၇ ဦးသေဆုံးသူရှိခဲ့ပါတယ်။ ပုံစာ-မတ်၂၇ရက်က သေဆုံးသူအချို့ရဲ့နာရေး Credit: