
ဖားကန့်မြို့နယ်က ရဲတပ်ရင်း၂၈ ဖဝါစခန်းအား KIAမှ ဝင်ရောက်တိုက်ခိုက် ~~~~~~ ■ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာအနီး၊ ရတနာရွှေအိတ် အကျိုးကုမ္ပဏီအနားက ရဲတပ်ရင်း (၂၈) စခန်းအား KIA ကနေပြီး မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ရင်း (၂၈) ဟာ မြဥယျာဉ်၊ ဖဝါကျေးရွာအနီး၊ ဆန်ခါကျေးရွာအနီးတွေမှာ တပ်စွဲထားတဲ့ စခန်း (၃) နေရာရှိပေမယ့် ဖဝါကျေးရွာအနီးက နိုင်ငံတော်နဲ့အကျိုးလုပ်ကွက် ကျောက်စိမ်း တူးဖော်ခဲ့တဲ့ ရတနာရွှေအိတ်ကုမ္ပဏီအနီးက ရဲတပ်ရင်းစခန်းကိုပဲ ကချင်တပ်မတော် KIA က စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ Credit: