
မန္တလေးတွင် တက္ကသိုလ်ကျောင်းသားများနှင့်စက်မူလူငယ်သပိတ်စစ်ကြောင်း ပူးပေါင်းဆန္ဒပြ DVB မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မေ ၂၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးအတွက် မန္တလာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ သပိတ်စစ်ကြောင်း နဲ့ စက်မှုလူငယ် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့လူငယ်တွေဟာ စစ်ကောင်စီက ထီရောင်းနေတဲ့ ပုံအပေါ် သရော်တဲ့ အနေနဲ့ “ထီလက်မှတ်အစား သေနတ်ရောင်းပါ့လား ငါတို့ ဝယ်မယ်” ဆိုတဲ့ စာတွေ ၊ ကယားပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ “ငါတို့ ရွှေကယားရေ အားတင်း ထားပါဟေ့” ဆိုတဲ့ စာတွေ ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ဆန္ဒပြ စစ်ကြောင်းတွေကို ဖြိုခွင်းဖို့ နေရာအနှံ့မှာ ရှိနေပေမဲ့ အောင်မြင်စွာ ချီတက်ပြီး လူစုခွဲခဲ့ကြပါတယ်။ #DVB #News #Photo Credit: