No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးလေဝသအခြေအနေ အမျိုးသားညီညွတ်ရေးအစိုးရ ထပ်ဆင့်သတိပေး DVB လေဖိအားနည်းရပ်၀န်းနဲ့ မုန်တိုင်းအရှိန်ကြောင့် မတူပီမြို့ အပါအ၀င် ချင်းပြည်နယ်က မြို့တချို့နဲ့ စစ်ကိုင်းတိုင်းထဲက မြို့တချို့မှာ မိုးကြီး၊ လေပြင်းတိုက်နိုင်တာကြောင့် သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားပါတယ်။ ဒီဖြစ်စဥ်တွေကြောင့် ဒီနေ့ အပါအ၀င် လာမယ့်ရက်တွေမှာ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ မိုးကြီးချိန်မှာ ‌တောင်စောင်းတွေ၊ ကမ်းပါး‌တွေ၊ တောင်ကျရေဆင်းမယ့် လမ်းကြောင်းတွေ၊ ကွင်းပြင်ကျယ်တွေနဲ့ အလွယ်တကူကျိုးကျနိုင်မယ့် သစ်ပင်ကြီးတွေအောက်မှာ စခန်းမချဖို့ အထူးသတိပေးထားပါတယ်။ http://burmese.dvb.no/archives/465184 #dvb #news #မိုးလေဝသ #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်း Credit: