
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်အများစုပါဝင်တဲ့ ဒေသခံတွေက မြို့တွင်းမှာ ဒီနေ့ မေလ ၂၃ ရက် မနက်ပိုင်းက လက်ဖက်ရည် သပိတ်ဆင်နွှဲသွားတဲ့ပုံတွေဖြစ်ပါတယ်။ မန္တလေးမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ၊ သံဃာတွေ၊ လူထုရဲ့သပိတ်တွေ ပုံမှန်ဆိုသလို လမ်းပေါ်တက် ပြုလုပ်နေတာဖြစ်ပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးတင်းကျပ်မှုကြောင့် ဆန္ဒပြသူတွေရဲ့သပိတ်ပုံစံလည်း ပြောင်းလဲ လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ- MPA Credit: