No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နေ့စဉ်စားသုံးနေတဲ့ရေခဲတွေမှာကိုဗစ်ပိုးကိန်းအောင်းနိုင်သလား ? . ကုန်စုံဆိုင်တွေမှာရောင်းနေတဲ့ ရေသန့်ရေခဲတွေဟာ အရောင်အဆင်း ကြည်လင်သလောက် ဘက်တီးရီးယားပိုး မွှားကိန်းအောင်းမှု ဟာ အိမ်သာတွင်းထဲကရေတွေနဲ့ ညီမျှသလောက်ရှိတယ်လို့ စစ်တမ်းတွေမှဖေါ်ပြပါတယ်။ ရေခဲခြစ်၊ ရေခဲမုန့်၊ ဖာလူဒါ၊ ရွှေရင်အေး စတဲ့ အစားအစာတွေမှာဆိုရင် ရေသန့်ရေခဲထည့်ပြီး အေးအေးလေးရောသမမွှေ သုံးဆောင်လိုက်ရ မှအရသာရှိလှတာမဟုတ်ပါလား။ ဒါကြောင့်လည်း ပူအောင်းလွန်းတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရေသန့်ရေခဲဟာ မရှိမဖြစ်လို့ပြောလို့ရပါတယ်။ ဈေးကွက်မှာအများဆုံးတွေ့ရတာကတော့ ရေသန့်ရေခဲလို့ခေါ်တဲ့ အဝိုင်းသဏ္ဍန် အနေတော် ရေခဲအဝိုင်း၊ စားစရာတွေကို မသိုးမပုပ်အောင်ထိနးသိမ်းဖို့ အသုံးပြုတဲ့ ရေခဲအတုံးနဲ့ ရေခဲအတုံးကို ကြိတ်ရာကရတဲ့ ရေခဲအမှုံ/အကြေ တွေ ပဲ ဖြစ်ပါတယ်။ ရေခဲမှာကိန်းအောင်းနေတဲ့ ဘက်တီးရီးယားပိုးမွှား တွေဟာ ဘယ်ကလာသလဲ ဆိုပြီး ရှာဖွေကြည့်တဲ့အခါမှာ ဒီ ၂ ချက်ကို အဓိကတွေ့မိပါတယ်။ . နံပါတ် ၁ အချက်ကတော့ ရေခဲစက်က စက်ဆီ၊ သံချေးနဲ့ ရေခဲကိုထုပ်ပိုးတဲ့ ဂေါ်နီအိပ်တွေက တစ်ဆင့် ဘက်တီးရီးယား ပိုးတွေကပ်ပါ လာတာကိုတွေ့ရပါတယ်။ ရေခဲစက်ရုံမှာရေခဲကို သံတူရွှင်းနဲ့မြေပြင်မှာဆွဲပြီး ထုပ်ပိုးကြတာတစ်ဆင့် လည်းပိုးမွှားတွေက ကပ်ပါလာနိုင်ပါတယ်။ ဒုတိယအချက်ကတော့ ရေခဲကို သယ်ယူပို့ဆောင်တဲ့ အချိန်မှာ ထပ်ပြီးကပ်ပါလာတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။ ဘယ်ကနေကပ်ပါလာကြသလဲဆိုတော့ ကားပေါ်တင်ပြီးသယ်ယူပို့ဆောင်တဲ့အချိန်ရယ် ကားပေါ်ကတစ်ဆင့် နေရာ အသီးသီးကို ရေတစ်ကိုယ်လုံး စိုရွှဲနေတဲ့ ရေခဲသယ်တဲ့ဝန်ထမ်းက တစ်ဆင့်ကပ်ပါလာတဲ့ ပိုးမွှားတွေက ရေခဲထဲမှာ ကပ်ပါသွားတာပါ။ ထိုင်းမှာဆိုရင် စားသောက်ဆိုင်တွေမှာ အသားငါး၊ အသီးအရွက်၊ အအေးပုလင်း၊ စတာတွေကို ရေခဲပုံးထဲ ရောစိမ်ထားကြတာကိုတွေ့ရလေ့ရှိပါတယ်။ အဲလိုအပြုအမူတွေက ဘက်တီးရီးယား ကိန်းအောင်းနှုန်းကို ပိုမိုများပြား စေတာပါ။ . ဒီအချိန်က ကိုဗစ်ကာလဖြစ်တာကြောင့်လည်း ရေခဲမှာကိုဗစ်ဗိုင်းရက်စ်ပိုး ကပ်ပါလာနိုင်သလားဆိုတာကလဲ မေးခွန်းထုတ်စရာပါ။ ကိုဗစ်ဗိုင်းရက်စ်ပိုးဟာ အရာဝတ္တုတွေမှာကြာရှည်ကိန်းကိန်းနိုင်ပြီး အေးခဲတဲ့နေရာတွေမှာ ရက်သတ္တပတ်ထိတိုင် အသက်ရှင်နေထိုင်နိုင်တာကြောင့် ရေခဲကတစ်ဆင့် ကိုဗစ်ပိုးကူးစက်နိုင်တယ်လို့ပြောရမှာပါ။ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အဲဒီလိုရေခဲကတစ်ဆင့် ကိုဗစ်ကူးစက်နှုန်းမရှိစေရန် ရေခဲစက်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေအနေနဲ့ သေချာကြပ်မတ်စောင့်ကြည့်ရန် မှာကြား ထားခဲ့တယ်လို့သိရပါတယ်။ . ချသုကျတ်ပန်းခြံအနီးက ရေခဲစက်မှာ ကိုဗစ်ကူးစက်ခံရတာနဲ့ပတ်သက်လို့လည်း ထိုင်းကျန်းမာရေးဌာနက ရေခဲစက်ထဲ မထည့်ခင်ရေသန့်ကို သန့်စင်တဲ့အချိန်က စလို့ ထုပ်ပိုးတဲ့ အဆင့်ထိ UV ရောင်ချည်ပိုးသတ်စနစ်ဖြင့် ပိုးသတ်ရမယ်လို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ထပ်မံပြီး စားသုံးရန်ရေသန့်ရေခဲထုပ်လုပ်တဲ့အဆင့်မှာတော့ GMP အဆင့်မီ ရေသန့်ကို သန့်စင် ရေခဲလုပ်တဲ့အချိန်က နေ ထုပ်ပိုးတဲ့ အဆင့်ထိ ပိုးသတ်သန့်စင်ထားတဲ့ အခန်းထဲ အလုပ်သမားလုံးဝ ဝင်ရောက်ပါဝင်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ . Ref : pr.moph.go.th . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit: