No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကျန်းမာစွာနေထိုင်ဖို့နဲ့ ပြည်သူတွေ ရှိနေသရွေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလည်း တည်ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းပစ်မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီဟာ လူထုက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေရှိနေသရွေ့ အန်အယ်လ်ဒီပါတီလည်း ရှိနေမှာဖြစ်တယ်လို့ ပထမဆုံး လူကိုယ်တိုင်ရုံးထုတ်တဲ့နေ့မှာ ပြောကြားလိုက်ပါတယ်။ " အမေက ပြည်သူတွေကို အရင်ဆုံး အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်။ ပြီးတော့ အန်အယ်လ်ဒီပါတီကိုထောင်ထားတာလည်း ပြည်သူ တွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အမေက အဲ့လိုမှာပါတယ်ရှင့်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ အခုရုံးချိန်းကို မူလက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်တည်ရှိရာ မြနန်းဘုံသာလမ်းအနီးမှာ သီးသန့်တရားရုံးဖွင့်လှစ်ပြီး ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့် တကယ်တမ်းရုံးထုတ်ချိန်မှာတော့ နေပြည်တော်ကောင်စီဝင်းအတွင်းက ခြံတစ်ခုအတွင်းရှိ အဆောက်အအုံတစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ #dvbtvnews #DawAungSanSuuKyi #WhatIsHappeningInMyanmar Credit: