
ဟောင်ကောင်တွင် သန်းချီသော Pfizer-BioNtech ကာကွယ်ဆေးကို စွန့်ပစ်ရဖွယ်ရှိ . ဟောင်ကောင်ဟာ ပြည်သူ ၇.၅ သန်းအတွက် ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိခဲ့ပေမဲ့ ၂ဝ၁၉ ခုနှစ်မှာဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် အစိုးရအပေါ်ယုံကြည်မှုသိသိသာသာ ကျဆင်းသွားတာကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံထားတဲ့ပြည်သူဦးရေးဟာ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ . ဟောင်ကောင်ဟာ Pfizer-BioNtech ကာကွယ်ဆေးဒို့စ်ပေါင်း ၃ သန်းကျော် (၃,၂၆၃,ဝဝဝ) လက်ခံရ ရှိခဲ့ပေမဲ့ ဒို့စ်ပေါင်း ၁ သန်းကျော် (၁,၂၃၁,၆ဝဝ) သာအသုံးပြုထားပါတယ်။ ကျန်ရှိနေတဲ့ကာကွယ် ဆေးတွေကို အထူးအအေးခန်းမှာထိန်းသိမ်းထားရပြီး သက်တမ်း ၆ လသာထိန်းသိမ်းထားနိုင်မှာဖြစ်ပါ တယ်။ ဟောင်ကောင်အစိုးရအနေနဲ့ ဟောင်ကောင်ဒေါ်လာ ၅ ထောင်တန် Goft Voucher တွေကို ထုတ်ပေးပြီး စီးပွားရေးကိုကုစားဖို့ကြိုးစားခဲ့ပေမဲ့ အစိုးရအပေါ်ယုံကြည်စိတ်ချမှုကျဆင်းလာတာနဲ့ အတူ အစိုးရရဲ့တင်းကျပ်တဲ့မူဝါဒတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေကအစ ပြည်သူတွေအ ဆုံး ကာကွယ်ဆေးထိုးနှံဖို့တွန့်ဆုတ်နေကြပါတယ်။ . Ref: https://www.bangkokpost.com/.../hong-kong-could-soon-bin... https://www.themalaysianinsight.com/s/317619 . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: