No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” နောက် (၆)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဒမ်မရာ(Dhamra)မြို့နှင့် ဘလာဆော (Balasore)မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟုခန့်မှန်း ========================================================= ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်က လုန်း မုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်(Pathein)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၄၈၅) မိုင်ခန့်၊ စစ်တွေ (Sittwe) မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၁၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒမ်မရာ(Dhamra)မြို့၏ အရှေ့-အရှေ့မြောက် ဘက် ရေမိုင် (၂၀)မိုင်ခန့်နှင့် ဘလာဆော (Balasore)မြို့၏ အရှေ့တောင် ဘက် ရေမိုင် (၄၅) မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီးလက်ရှိတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ သောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm) “ယာစ် (YAAS)” သည် မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု (၂၀.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၃) ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၇၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၈၅)မိုင်နှုန်း ရှိမည် ဖြစ်ကြောင်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားပြီး၊ နောက်(၆)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဒမ်မရာ(Dhamra)မြို့နှင့် ဘလာဆော (Balasore)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ အရှိန်ကြောင့် နောက်(၄၈) နာရီအတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း ရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန် ကြီးကာ မိုးသက် လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၇)ပေခန့်ရှိနိုင်ကြောင်းလည်း သိရသည်။ Credit: