
On This day: အတိတ်ကဒီနေ့ မေလ ၂၈ ရက်နေ့ ၂ဝဝဝ ခုနှစ် Magic Land ဥယျာဉ်မြို့တော်ထာဝရပိတ်သိမ်း Outdoor ဥယျာဉ်မြို့တော်တခုဖြစ်တဲ့ Magic Land ဟာ Dream World နဲ့ပိုင်ရှင်တဦးတည်းဖြစ်ပါ တယ်။ မြို့တော်ဗန်ကောက်၊ လာ့ဖရောင်း Central Plaza ရဲ့မျက်စောင်းထိုးမှာတည်ရှိပြီး ၁၃.၂ ဧကကျယ်ဝန်းတဲ့မြေကွက်ပေါ်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Disneyland ကိုအတုယူထားတဲ့ ဒဏ္ဍာရီပြသာဒ်ကြီးကတော့ အထင်ရှားဆုံးနေရာဖြစ်ပြီး ယခုအချိန်ထိမြင်တွေ့နိုင်ပါတယ်။ စတင်ဖွင့်လှစ်စဉ်အခါက ၆၇ဝ မီတာရှည်လျားတဲ့မိုးပျံမီးရထား၊ မှန်အိမ်၊ သက်တမ်းသန်းချီရှိတဲ့ တိရစ္ဆာန်ပြတိုက်၊ တစေမြို့၊ ၃၅ မီတာမြင့်တဲ့မိုးပျံကေဘယ်၊ ရေစက်ဘီး၊ Fantasy parade စတဲ့ကစားစရာတွေ အစီအစဉ်တွေနဲ့ စည်စည်ကားကားရှိလှတဲ့နေရာတခုဖြစ်ပါတယ်။ အငှားစာချုပ် ၂၅ နှစ်ပြည့်ခဲ့တဲ့ ၂၈-၅-၂ဝဝဝ ရက်နေ့မှာ စာချုပ်သက်တမ်းမတိုးနိုင်တာကြောင့် ကစားစရာများကို Dream World သို့ပြောင်းရွှေ့ခဲ့ပြီး နေရာလွတ်ကိုတော့ Motor Sport Land Go Card ကားပြိုင်ပွဲ၊ စတိတ်ရှိုးပွဲနဲ့အခြားသောအစီအစဉ်တွေကို ရံဖန်ရံခါအငှာပေးတာရှိပါတယ်။ #MyanmarLiveTH #MyanmarLiveCo #MyanmarLive #Myanmar #Thailand #LifeOnThisDay Credit: