
ကျောက်ပန်းတောင်း၊ နတ်ကန်လယ်ရွာ အ.ထ.က မီးလောင်၊ ရွာသား ငါးယောက်အဖမ်းခံရ ~~~~~ ■ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ နတ်ကန်လယ်ကျေးရွာ အထက်တန်းကျောင်းမှာ မေ ၂၇ ရက် မနေ့က မနက်စောစောမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ကျောင်းအပ်သူမရှိတဲ့ အဲဒီကျောင်းမှာ မေလ ၂၇ ရက် မနက် ၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ မနက် ၄ နာရီကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ပြီးတဲ့နောက် ရွာကို စစ်သားတွေ ရောက်လာခဲ့ပြီး၊ ရွာသား ငါးယောက်ကို သံသယနဲ့ ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။ "ရွာက CDM လုပ်တဲ့သူတွေ မတွေ့မချင်း မပြန်ဘူးဆိုပြီး အခုစစ်ကား ငါးစီးနဲ့ ရွာထဲမှာ တပ်စွဲထားတယ်။ မီးက ဘာလို့ လောင်တယ်ဆိုတာ မသိရသေးဘူး။ အဲဒါကို ရွာထဲက သူတွေကို လိုက်ဖမ်းနေလို့ ရှောင်ပြေးနေကြရတယ်" နတ်ကန်လယ်ရွာမှာ CDM လုပ်နေတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်ဆိုပြီး ရွာက သတင်းပေးသူက စစ်ကောင်စီကို တိုင်ကြားခဲ့တာကြောင့် CDM လုပ်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အတိအကျ မသိရသေးပါဘူး။ Credit: