No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထိုင်းရောက် နေပါလီဂေါ်ရခါးအဖွဲ့ချုပ်က တော်လှန်ရေးအတွက် NUG ကို ဘတ်ငွေ သုံးသိန်းလှူဒါန်း ~~~~~~ ■ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ထိုင်းနိုင်ငံရောက် နေပါလီဂေါ်ရခါးအဖွဲ့ချုပ် (ဘန်ကောက်)က ထိုင်းဘတ်ငွေ သုံးသိန်း (၃၀၀,၀၀၀) လှူဒါန်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပါလီဂေါ်ရခါးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။ "ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူထောက်ခံတဲ့ အစိုးရကို အကူညီပေးတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ပြည်သူ့အစိုးရမှာ ဘတ်ဂျက်ကတော့ လိုနေမှာဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေး လုပ်ရမှာမို့ကာကွယ်ရေး အသုံးစရိတ် ပိုလိုလိမ့်မယ်။ ဆက်ပြီးတော့ ပိုလှူဒါန်းနိုင်ဖို့ ကြိုးစားသွားမှာပါ" NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လက်မှတ် ရေးထိုးထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို AAC ဒါရိုက်တာ ဦးခိုင်ကနေတဆင့် နေပါလီဂေါ်ရခါးအဖွဲ့ချုပ် (ဘန်ကောက် ထိုင်းနိုင်ငံ)ရဲ့တာဝန်ရှိသူတွေထံသို့ မေလ ၂၈ ရက်နေ့က အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ သတင်းနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနဲ့ထောက်ပံ့ရေး ပစ္စည်းပို့ဆောင်ရေး ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ ကိုရဲမင်း (ACC)က သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။ Credit: