No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တစ်နိုင်ငံလုံးအရေအတွက် ကာကွယ်ဆေးဝယ်ဖို့ အလှူငွေ ဘယ်လောက်လိုဦးမလဲ ကာကွယ်ဆေးအတွက် ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၂၅၀ ကျော်နဲ့ ငွေကျပ် ၁၁ ဘီလီယံကျော်ရထား ဇန်နဝါရီ ၁၆၊ ၂၀၂၁ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးဝယ်ယူဖို့ ရန်ပုံငွေအလှူခံထားရငွေက ကန်ဒေါ်လာသန်း ၂၅၀ ကျော်နဲ့ ကျပ် ၁၁ ဘီလီယံကျော်ရှိပြီလို့ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။ အခု ရရှိထားတဲ့ကာကွယ်ဆေးရန်ပုံငွေက ပြည်တွင်းပြည်ပအလှူရှင် ၇၀၀ ကျော်နဲ့ နိုင်ငံတော်က ထည့်ဝင်ထားတဲ့ ရန်ပုံငွေ အပါအဝင်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေး အလုံးရေသန်း ၃၀ အတွက် ကန်ဒေါ်လာ သန်း ၁၅၀ ဖိုးမှာယူထားပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးက တစ်ဦးကို နှစ်ကြိမ်ထိုးရတာဖြစ်လို့ အလုံးရေသန်း ၃၀ ဟာ လူဦးရေ ၁၅ သန်းစာနဲ့ ညီမျှတာဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးက အသက် ၁၈ နှစ်အထက်ကိုသာထိုးနှံရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံဖို့ အသက် ၁၈ နှစ်ပြည့်မီသူက ၃၇ သန်းကျော်ရှိတာဖြစ်လို့ နောက်ထပ် ၂၃ သန်းကျော် စာထပ်မှာယူဖို့ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ လောလောဆယ် ၁၅ သန်းစာမှာယူထားပြီဖြစ်ကာ ပထမဦးစားပေးထိုးရမယ့် ကျန်းမာရေးဝန်ထမ်းက တစ်သိန်းကျော်ရှိတယ်လို့သာ ပြောကြားထားသေးပြီး နောက်ထပ် ဆေးမှာကြားမှုအစီအစဉ်နဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးပါဘူး။ လောလောဆယ်တော့ ကာကွယ်ဆေးရန်ပုံငွေကို အများပြည်သူလှူဒါန်းနိုင်ဖို့ စတင်ဖွင့်လွှင့်ခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိ ၆ ရက်အတွင်းကို အလှူငွေတွေ ရရှိနေတာလည်းဖြစ်ပါတယ်။ Credit: